သမန်းကျား(weretiger)

သမန်းကျား အကြောင်းကို ပြီးခဲ့တဲ့နှစ်ကပဲ သူထူးစံ၊ ခွန်းဆင့်နေခြည်တို့နဲ့ ရိုက်ကူးထားခဲ့ပါတယ်။ အကယ်ဒမီ ပေးပွဲမှာ သူထူးစံ အကယ်ဒမီရသွားခဲ့ပါတယ်။ အဲဒီဇာတ်လမ်းကို မကြည့်ဖူးတော့ သူတို့ ဘယ်လို ရိုက်ကူးတင်ဆက်သလဲ ဆိုတာ မသိပါဘူး။ ကျွန်တော်ပြောချင်တာကတော့ ကျွန်တော်သိတဲ့ သမန်းကျား အကြောင်းပါ။


Image Source

မြန်မာရဲ့ သမန်းကျား ဒဏ္ဍာရီက သိပ်တော့ မလှပပါဘူး။ မျိုးနွယ်စု တစ်စုရှိတယ်။ အဲဒီမျိုးနွယ်စုက ကျားအဖြစ် အသွင်ပြောင်းနိုင်တယ်။ လပြည့်ညတွေမှာ ကျားအဖြစ် အသွင်ပြောင်းပြီးတော့ အမဲလိုက်လေ့ရှိတယ်။ ဒါပေမဲ့ အဖော်တစ်ယောက်ရဲ့ အကူအညီ လိုတယ်။ သူတို့က သစ်ပင်ကြီး တစ်ပင်အောက်မှာ မန္တာန်တွေ ရွတ်ဖတ်၊ အင်္ကျီချွတ်ပြီးတော့ နောက်ဂျွမ်းပစ်လိုက်ရင် ကျားဖြစ်သွားတယ်။ ကျားဖြစ်တာနဲ့ အစာသွားရှာတာပေါ့။ ပြီးတော့ အဲဒီသစ်ပင်အောက်ကို အစာကို ချီပြီး ပြန်လာတယ်။ အဲဒီအချိန်မှာ စောစောက သူ့အဖော်က သူ့ချွတ်ထားခဲ့တဲ့ အင်္ကျီတွေကို ကျားဖြစ်နေတဲ့သူကို ပြရတယ်။ တစ်ကယ်လို့ တစ်ခုခု မှားယွင်းသွားရင်ပဲ ဖြစ်ဖြစ်၊ သူ့အဖော်က ကြောက်ပြီး အင်္ကျီတွေကို မပြရင်ပဲ ဖြစ်ဖြစ် ကျား အဖြစ်ကနေ လူပြန် ဖြစ်မလာနိုင်တော့ဘူး။ တစ်သက်လုံးကျားအဖြစ်နဲ့ ပဲ နေသွားရတော့တယ်။

ဒီဇာတ်လမ်းလေးက ကောင်းသလား။ စိတ်ကူးကတော့ ဇော်ဂျီဖိုဝင်သလို စိတ်ကူးမျိုးပါပဲ။ မိတ်ဆွေ အပေါ်မှာပဲ အဓိက မူတည်နေပါတယ်။ ပြဿနာ တစ်ခုကတော့ သမန်းကျားရဲ့ ကြီးကျယ်ခမ်းနားမှု ပျောက်ဆုံးနေတာပါပဲ။ ကျားဆိုတာမျိုးက တစ်ကောင်ထဲ နေလေ့ရှိတဲ့ အမျိုးဖြစ်ပါတယ်။ ဝံပုလွေကတော့ အုပ်စုလိုက်နေတတ်ပါတယ်။ အနောက်နိုင်ငံတွေကတော့ werewolf သမန်းဝံပုလွေကို ဇာတ်လမ်းလုပ်ကြပါတယ်။ သွေးစုပ်ဖုတ်ကောင်နဲ့ တွဲပြီးတော့ပေါ့။

မြန်မာ့ရဲ့ သမန်းကျားက ကမ္ဘာပေါ်မှာ ဘယ်နေရာမှာမှ မရှိပါဘူး။ ဒီအချက်က အလွန်ကို ကောင်းမွန်တဲ့ အချက်ဖြစ်ပါတယ်။ ဒါကို story လုပ်ဖို့လိုပါတယ်။ ပြီးတာနဲ့ ကမ္ဘာကို ချပြနိုင်ဖို့ လိုပါတယ်။ Black panther ကိုတောင် ကမ္ဘာကျော်အောင် လုပ်နိုင်သေးရင်…. သမန်းကျားဆိုတာကရော…..

သမန်းကျားဆိုတာက မြန်မာတွေရဲ့ ရင်ထဲမှာ ရှင်သန်နေခဲ့တဲ့ အရာ တစ်ခုပါ။ ရှင်သန်နေဆဲ အရာ တစ်ခုပါ။ ပေါအောင် မလုပ်မိဖို့လိုပါတယ်။



Posted from my blog with SteemPress : http://steemhosting.com/myanmarpress/?p=144
H2
H3
H4
Upload from PC
Video gallery
3 columns
2 columns
1 column
2 Comments