မှတ်တိုင်သစ်တစ်ခု စိုက်ထူခြင်း


Image Source

ဒီနေ့ပဲ drugwars မှာ မှတ်တိုင်သစ်တစ်ခု စိုက်ထူနိုင်ခဲ့ပါတယ်။ ဒါကတော့ ကျွန်တော်ဖြစ်ချင်နေခဲ့တဲ့ ဆန္ဒတစ်ခုပဲ ဖြစ်ပါတယ်။ အဲဒါကတော့ drugs တစ်သန်းကျော်ကို ရင်းနှီးဖို့ပါ။ ဒီနေ့ပဲ လုပ်နိုင်ခဲ့ပါပြီ။ ဒီမှတ်တိုင်ကို လူအတော်များများ ဖြတ်ကျော်ခဲ့ပြီးပါပြီ။ ကျွန်တော်ကတော့ အခုမှ ဖြတ်ကျော်နိုင်ခဲ့တာပါ။ ဒီနေ့မှာတော့ စိတ်အေးလက်အေးနဲ့ drugs တွေကို ပဲ ရင်းနှီးဖို့ စဉ်းစားခဲ့တဲ့အတွက် လုပ်ဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အခုလက်ရှိအချိန်မှာတော့ နံပါတ် ၃ နေရာမှာ ရောက်နေပါတယ်။ မနက်ဖြန်ကျရင်တော့ နံပါတ်၃ ဖြစ်ချင်မှ ဖြစ်တော့မှာပါ။ ဘာပဲ ဖြစ်ဖြစ် 1 m တော့ ကျော်လွန်ခဲ့ပါပြီ။ မနက်က စစချင်းမှာပဲ တာထွက်ကောင်းခဲ့ပါတယ်။ အကောင့်တစ်ခုကနေ drugs ၃၀၀ ကျော်ရလိုက်ပါတယ်။ ညဘက်ထပ်တိုက်လိုက်တဲ့ အချိန်မှာတော့ 840 K ထည့်နိုင်ခဲ့ပါတယ်။ အဲဒါနဲ့ ဒီနေ့တော့ 1 m ကျော်အောင်တိုက်မယ်လို့ စိတ်ကူးပြီး ဆက်တိုက်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ 1 m ကျော်ခဲ့ပါပြီ။

ဒီနေ့ အဖို့တော ထပ်မထည့်တော့ပါဘူး။ Heist မှာ ထည့်တာ များလွန်းရင်လဲ သူများ မျက်စိ စပါးမွေး စူးတာ ခံရနိုင်ပါတယ်။ အခိျု့တွေဆို heist ထဲမှာ ထည့်တာများတဲ့သူကို တိုက်ခိုက်ကြပါတယ်။ ဥပမာ ပြောရရင် gerber ပါ အခုအချိန်အထိကို နလန်မထူနိုင်တော့ပါဘူး။ အရင်တုန်းကဆို သူလဲ 2 m ကျော်အောင် တိုက်နိုင်ပါတယ်။ ကျွန်တော်လဲ future သုံးပြီး ပြန်တင်ထားလို့ အခုအချိန်မှာ ၆၀ ကျော်တော့ ပြန်ရောက်နေပါပြီ။ ဒါပေမဲ့ ပြန်ကျဦးမယ်လို့တော့ထင်ပါတယ်။ Future သုံးတဲ့သူတွေကများနေတော့ rank တွေ က သိပ်မငြိမ်ဘူးဖြစ်နေပါတယ်။ Storage ကို မတင်ပဲနဲ့ drugs ပဲတင်နေမယ်ဆိုရင်တော့ တိုက်ကောင်းတွေပဲ ဖြစ်လာမှာပါ။ ကျွန်တော်ကတော့ မျှပြီးတော့ တင်သွားဖို့ စဉ်းစားထားပါတယ်။

မိတ်ဆွေတို့ အနေနဲ့ ကျွန်တော့်လိုမျိုးပဲ ရည်မှန်းချက်ဘယ်လောက်ကို ရောက်နိုင်ပါပြီ ဆိုပြီးတော့ ပိုစ့်တင်နိုင်ကြပါစေ။



Posted from my blog with SteemPress : http://steemhosting.com/myanmarpress/?p=141
H2
H3
H4
Upload from PC
Video gallery
3 columns
2 columns
1 column
5 Comments