ငါး၊ တစ်ဆယ်၊ ဆယ့်ငါး

ဒါကတော့ ချဲဂဏာန်းပေးနေတာ မဟုတ်ပါဘူး။ ဒီကိန်းဂဏာန်းတွေက dapps တွေကို သုံးရင် ပေးရမဲ့ ပမာဏ တွေပါ။ Beneficinaries လို့ခေါ်ပါတယ်။ Dapp တစ်ခုကို သုံးလိုက်တာနဲ့ သူသတ်မှတ်ထားတဲ့ ပမာဏကို ပေးရမှာပါ။ အများအားဖြင့်တော့ သူ့ဆီက ကူညီပံ့ပိုးမှုတွေ ရပါတယ်။ တစ်ခါတစ်လေတော့လဲ မရပါဘူး။ ဒါပေမဲ့ ဘယ်လိုပဲ သူ့ဆီကို ပေးရမယ့် ပမာဏကတော့ ပေးကိုပေးရမှာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပိုစ့်တင်တဲ့ အချိန်ကထဲကကို သတ်မှတ်ထားပြီးသား ဖြစ်လို့ပါ။

ငါးကတော့ အီးစတင်းကို သုံးရင် ပေးရမယ့် ပမာဏ ဖြစ်ပါတယ်။ တစ်ဆယ်ကတော့ Drugwars ကို သုံးပြီး မိမိရဲ့ တိုက်ပွဲကို steemit မှာ မျှဝေမယ်ဆိုရင် ပေးရမယ့် ပမာဏ ဖြစ်ပါတယ်။ ဆယ်ငါးကတော့ စတင်းပရက်ကို သုံးရင် ပေးရမယ့် ပမာဏ ဖြစ်ပါတယ်။ သူ့ထက် ယူတာ များတာတွေလဲ ရှိပါတယ်။ Dtube ဆိုရင် နှစ်ဆယ့်ငါး ရာခိုင်နှုန်းယူပါတယ်။ အဲဒီလို ယူသလိုပဲ သူတို့ပြန်ပေးတာကလဲ ကြမ်းပါတယ်။ ကျွန်တော်လက်ရှိ ရရှိနေတဲ့ ပမာဏ အခိျု့ကို ဖော်ပြချင်ပါတယ်။

အီးစတင်းကရတာကတော့ ၀.၇၁ STU ကျော်ပါတယ်။ အီးစတင်း အပေါင်း ဂွတ်ကြီးပါ။ တစ်ဒေါ်လာ မကျော်ပေမဲ့ သိပ်တော့ မဆိုးလှဘူးလို့ဆိုရမှာပါ။ ဒါပေမဲ့ အခိျု့ မြန်မာတွေက ၆% အထိ ရပါတယ်။ ကျွန်တော့်ထက်များတာပေါ့။

Drugwars က ပေးတာကတော့ 1 STU ကျော်ပါတယ်။ Fundition က drugwars မှာ ဂိုဏ်းခေါင်းဆောင်ဆိုတော့ သူ့ဆီက အပ်ဗုတ်ရပါတယ်။ စတင်းပရက်ကတော့ ပိုများပါတယ်။ သူယူထားတာကလဲ များတာကိုး။

Durgwars ကတော့ ၁၀% ယူပါတယ်။ အရင်က ၃၅% ယူပါတယ်။ အခုအချိန်မှာတော့ ၁၀% ပဲ ယူပါတော့တယ်။ ၃၅% ယူတာက များလွန်းတယ်လို့ ဝိုင်းပြောကြလို့ပါ။

စတင်းပရက်ကတော့ ၁၅% ယူပါတယ်။ အီးစတင်းကတော့ လူတိုင်းသိထားပြီးသားလို့ ယူဆတဲ့အတွက် ပုံထည့်မပေးတော့ပါဘူး။



Posted from my blog with SteemPress : http://steemhosting.com/myanmarpress/?p=147
H2
H3
H4
Upload from PC
Video gallery
3 columns
2 columns
1 column
2 Comments