အရှိန်မှန်မှန်လည်ပါတ်ပြီ

အရှိန်မှန်မှန်လည်ပါတ်ပြီ
all12.jpg
ဒီနေ့ကတော့ နှစ်တစ်နှစ်ရဲ့ ပထမဆုံးသော လုပ်ငန်းခွင်ကို ပြန်လည်ဝင်ရောက်ရသော နေ့ဖြစ်ပါတယ် အနားယူရသော ရက်ကာလရှည်ကြာသွားသည်နှင့်အမျှ လူကလည်း အပျော်တွေလွန်ပြီး အလုပ်ထဲ တစ်ဖန် ပြန်လည် ၀င်ရမယ်ဆိုတော့ ခပ်ထိုင်းထိုင်း ဖြစ်လို့နေပါတယ် လူကလည်း အနားရက်ကာလတွေမှာ အပျော်လွန်ထားတော့ ပင်ပန်းနေတယ်လို့တောင်ဆိုနိုင်ပါတယ် ဒါကြောင့် အလုပ်ထဲေ၇ာက်ပါသော်လည်း စိတ်နဲ့ လူနဲ့ကတော့ မကပ်နိုင်သေးပါဘူး လူကသာ လုပ်ငန်းခွင်ထဲ ရောက်နေပေမယ့် စိတ်ကတော့ အရင်နေ့တွေကလို ကိုယ်လုပ်ချင်တာတွေ လုပ်နေရတဲ့ ဆီမှာဘဲ ကျန်ရစ်နေခဲ့ပါတယ်
ဒီလိုဘဲ ဖြစ်တက်တာ သဘာဝ ကျမယ်ထင်ပါတယ် အလုပ်နားရက်များတာ ကောင်းပေမယ့် အလုပ်လုပ်ချင်စိတ်လေးတွေ ပျောက်သွားတာတော့ မကောင်းပြန်ပါဘူး အရင်လို အလုပ်လေးတွေ ပြန်လုပ်မှသာ နေ့စဉ် စားဝတ်နေရေး လူမှုရေး သူမှုရေး ကိုယ့်အရေး သူများအရေးတွေက အဆင်ပြေနိုင်မှာပါ ဒါကြောင့် လုပ်ချင် စိတ် မရှိပေမယ့်လည်း ပြန်လည် လုပ်ကိုင်ရပါဦးမယ်
အလုပ်နား ရက်တွေမှာတော့ ကိုယ်လုပ်ချင် တာတွေ လုပ်ခဲ့ရတဲ့အတွက် ကျေနပ် ပျော်ရွှင် အားရစိတ်ကတော့ အမြင့်ဆုံးကို ရောက်ခဲ့ရပါတယ် လုပ်ချင်တာတွေ ဆိုပေမယ့်လည်း အခြားတော့ မဟုတ်ရပါဘူး စတီးမစ်နဲ့အတူ အချိန်တွေအားလုံး ကုန်လွန်ခဲ့ရတာကို ဆိုလိုတာပါဘဲ အဲ့သလောက် အချိန်တွေ များစွာ နေ့စဉ် ဆက်တိုက်အ သုံးပြုပါသော်လည်း အလုပ်တွေက မပြီးပြတ်ခဲ့ပါဘူး နောက်လည်း ပြီးမှာမှမဟုတ်တာဘဲလေး
ဒါကြောင့် နေ့စဉ် နေထိုင်ရှင်သန်မှုအတွက်အလုပ်တွေကို ပြန်လုပ်ရင်း ကိုယ်ဝါသနာပါပြီး ကျေနပ်အားရစိတ်ရှိသော စတီးမစ်ကိုလည်း မလွတ်တမ်း အချိန်အားလေးတွေမှာလုပ်ကိုင်ရင်း အရင်လိုဘဲ အရင် အရှိန်အတိုင်းလေးဘဲ ပြန်လည် လည်ပါတ်လို့နေပါပြီ ဒီနှစ်တော့ စတီးမစ်က ကောင်းခြင်းမင်္ဂလာတွေ မတွေ့မြင်ရသေးပေမယ့် နောက်နှစ်မှာတော့ တွေ့မြင်ရလိမ့်မယ်လို့ မျှော်လင့်ရင်း ဆက်လုပ်ရပါဦးမယ်

Photo Credit: https://drugwars.io
Author: @bobokyaw

H2
H3
H4
Upload from PC
Video gallery
3 columns
2 columns
1 column
2 Comments