လာပြန်ပြီနောက်တစ်မျိုး

လာပြန်ပြီနောက်တစ်မျိုး
all22.jpg

ဆေးဝါးဂိမ်းကတော့ အပြောင်းအလဲတွေ တစ်ခုပြီး တစ်ခု လုပ်ပေးနေပါတယ် သူလုပ်ပေးတာတွေက လိုအပ်တာတွေလည်းဖြစ်သလို အချို့အပြောင်းအလဲတွေကတော့ မလိုအပ်တာတွေ ဖြစ်နေတာများပါတယ် တကယ်လိုအပ်တာကိုဘဲ ပြောင်းလဲပေးစေချင်ပါတယ် ကိုယ်လိုအပ်တာမဟုတ်တာလည်း ဖြစ်ချင်ဖြစ်ပါမယ် အခြားသူတွေတော့ လိုအပ်ချင် လိုအပ်မှာပါ
အခုပြောင်းလဲ လိုက်တဲ့ အခြေအနေတွေကတော့ ကောင်းပါတယ် တိုက်ပွဲတိုက်ရတာလည်း ခပ်စိပ်စိပ်လေး လှော်လို့ ရတဲ့အတွက်သဘောကျစရာကောင်းနေပါတယ်
နောက်တစ်ခုကတော့ နာမည် ပြောင်းလဲ အသုံးပြုခွင့်ပေးတာပါ ဒါကတော့ သိပ်မထူးပါဘူး ဒါက ဒါပါဘဲ စတီးမစ်မှာ နာမည်အမျိုးမျိုး နဲ့ အသုံးပြုရတာကို သဘောမကျပါဘူး အားလုံး ကို နာမည်တစ်မျိုးတည်းနဲ့ အသုံးပြုတာ ပိုပြီး အကျိုးများမယ်ထင်ပါတယ် လူတွေ က အလွယ်တကူမှတ်မိနေတာမျိုးပေါ့
ဟိုနေရာမှာလည်း ဒီလူကို တွေ့သလို နောက်တစ်နေရာမှာလည်း ဒီလူကို တွေ့ပြီး နောက်တစ်နေရာမှာတော့ ဒီလူကို သတိထားမိသွားပါပြီ အဲ့ဒါမျိုးပေါ့
တစ်ခုတော့ ရှိတာပေါ့လေ ဆေးဝါးဂိမ်းက ရန်ကြွေး ရန်စတွေကို စတီးမစ်ပို့စ်တွေ အထိ လိုက်ပြီး အပြန်အလှန် ဆော်ကြတာတော့ ဖြစ်လာနိုင်တာပေါ့ ဒါကို ရှောင်ကွင်းဖို့အတွက်တော့ နာမည်ပြောင်လေး သုံးသင့်ပါတယ်
အခုမှ တော့ မထူးတော့ဘူးထင်ပါတယ် ပြောင်းအသုံးပြုလည်း သိပ်တော့မထူးပါဘူး
တစ်ခုတော့ ရှိပြန်ပါသေးတယ် အခုက လူရင်းတွေအချင်းချင်းဆို တိုက်ဖို့ အလွန်ခက်ပါတယ် မြန်မာချင်းဆို သာလို့တောင် တိုက်ဖို့ မကောင်းပါဘူး အားနာတာတွေ မကောင်းဘူးထင်ပါတယ်တွေ ကြောက်နေရတာတွေ ရှိနေတော့ မတိုက်ဖြစ်ကြပါဘူး
နာမည်ပြောင်နဲ့ဆိုရင်တော့ ကိုယ့်သူမသိ သူ့ကိုယ်မသိနဲ့ တိုက်လို့ ကောင်းမှာပါ
သိသိကြီးနဲ့ မသိ ချင်ထောင် ထောင်ပြီးလည်း တိုက်လို့ရတော့ ဒါလည်း မဆိုးပါဘူး အမြင်ကက်ပုဒ်မနဲ့လည်း တိုက်မယ်ဆိုတိုက်လို့ရပါတယ် ဒါလည်း တစ်နည်းကောင်းပြန်ရော
ကဲ ဒါဆိုရင်တော့ နာမည်ပြောင်းကြမလား အရင်တိုင်းဘဲသုံးမလား ကျွန်တော်ကတော့ အရင်တိုင်းဘဲ သုံးမယ်လို့ ဆုံးဖြတ်ပါတယ်

Photo Credit: https://steemmonsters.com/
Author: @bobokyaw

H2
H3
H4
Upload from PC
Video gallery
3 columns
2 columns
1 column
1 Comment