သို့..... MSC

မင်္ဂလာပါ မိတ်ဆွေတို့ရေ...
image
ကျွန်တော်သည် တနင်္ဂနွေနေ့ တစ်ရက်စာ
MSC Promotion နားသည့်အတွက်ကြောင့်သာ
Pro Post ကို အတင်နား၍ ကျန်သည့် ၆ ရက်၌
Pro Post အတင် အပျက် မရှိသလောက်
ပုံမှန်တင်ခဲ့ပါတယ်။

ဤသည်မှာ ဝါကြွားလို၍ ပြောခြင်း မဟုတ်ပါ။
မိမိ၏ ဇွဲစွဲမြဲမှုကိုတော့ တန်ဖိုးထားဂုဏ်ယူမိတာတော့
အမှန်ပါပဲ။

အကျိုးအမြတ် တစ်စုံတစ်ရာ ရလိုစိတ် ရှိသည်မှာလည်း
အမှန်ပင်။ သို့ပေမယ့် အနည်းအများ ပမာဏကိုကား
စိတ်ထဲမထားဘဲ လုပ်စရာ ရှိသည်ကိုသာ ပုံမှန်
လုပ်နေခဲ့ပါတယ်။

စာရေး စာဖတ် ဝါသနာကြီးသည်မှာလည်း အမှန်ပင်။
သို့ပေမယ့် စာရေးဆရာ မဟုတ်၍ပဲလား? အရည်အသွေး
မြှင့်တင်မှု အားနည်း၍ပဲလား?...
တင်သည့်ပို့စ်တိုင်းမှာ စာဖတ်သူတွေ အတွက် အကျိုး
ဖြစ်ထွန်းမှု များများစားစား ရှိမည် မထင်ပါ။

လွန်ခဲ့သော နှစ် ဤကာလအချိန်အခါတုန်းကတော့
Promotion post များတွင် Comment များ
ဝေဝေဆာဆာ ဖြင့် စာဖတ်သူများ စည်ကားခဲ့ပါတယ်။
ယခုသော်ကား ယခင်လို မဟုတ်တော့ခြေ။

Steem ဈေး ကျဆင်းမှု နှင့်အတူ အားပျော့သွားခဲ့ကြသော
Steemit User အများစုသည်ကား
Steem ဈေး အတတ်ဘက်သို့ ပြန်လှုပ်လာသော်လည်း
ယခင်နှစ်ဈေးသို့ မရောက်သေး၍ပဲလား... ပြန်လည်
တတ်ကြွလာခြင်း မရှိကြသေးပါ။

မျှော်လင့်ချက် ကြီးစွာဖြင့် ဇွဲစိတ်မှန်မှန် ချီတတ်နေသူ
အချို့လည်း ရှိကြပါသည်။ လေးစားစရာပင်။

မိမိသည်လည်း လုံ့လကြီးစွာ ဆက်လျှောက်နေပေမယ့်
လက်ပမ်းတော့ ကျနေသလိုပင်။
သို့သော် မိမိမှစ၍ Post အတင် နားလိုက်လျှင်လည်း
MSC Pro ၏ အခြေအနေမှာ အဘယ်သို့
ဖြစ်နိုင်မည် မသိပါ။

သို့ဖြစ်၍ MSC Pro အား တည်မြဲစေရန် သော်လည်းကောင်း၊
MSC အဖွဲ့အစည်း တည့်တံ့ခိုင်မြဲစေရန် သော်လည်းကောင်း၊
တတ်နိုင်သမျှ နည်းနည်းလောက် အားစိုက်ထုတ်ကြ၍
Post လေးများ ကြိုးကြားကြိုးကြား တင်ပေးကြရန်
MSC အဖွဲ့တော်သားများကို အနူးအညွတ် တောင်းဆိုအပ်ပါသည်။

မည်သို့ပင် ဖြစ်စေကာမူ ယခုချိန်ကား
ထိုက်သင့်သော စာလုံးရေများဖြင့် အလျဉ်းသင့်သလို
စာလေးများ ရေးတင်ကြလျှင်ဖြင့် အကျိုးအမြတ်
တစ်စုံတစ်ရာ ရနေသေးသည်မို့လည်း
ဝီရိယလေး နည်းနည်းထည့် လုံ့လလေး အချို့တဝက်ပြုကာ
MSC Pro Post လေးများ တင်ပေးကြပါဦးဟု
မိတ်ဆွေ MSC ဝိုင်းတော်သားများကို လေးစားစွာ
နှိုးဆော်လိုက်ရပါတယ်။
image
မိတ်ဆွေအားလုံး ပြုံးပျော်နိုင်ကြပါစေ....

MSC - 193

@billionairehein

H2
H3
H4
Upload from PC
Video gallery
3 columns
2 columns
1 column
12 Comments