မိဘနဲ့ကလေး

"မိဘ"တဲ့ စကားလုံးလေးနှစ်လုံးတည်း။ဒါပေမယ့် နောက်ကွယ်မှာများပြားလှတဲ့ ကျေးဇူးတရားတွေရှိနေပါတယ်။ဒါကိုတော့ လူတိုင်းသိမှာပါ။စာအုပ်တွေကျမ်းဂန်တွေမှာလည်း ဖော်ပြပြီးသား။ကျွန်မပြောချင်တာက လူတိုင်းအမြင်နဲ့ လွဲနေတာမျိုးလည်း ရှိကောင်းရှိနိုင်မှာပါ။ဒါပေမယ့် တစ်ဦးတစ်ယောက်ကိုမျှ အထူးသဖြင့် ဘယ်မိဘကိုမှ မစော်ကားပါဘူးဆိုတာ အသက်နဲ့ထပ်၍ သစ္စာဆိုအပ်ပါတယ်။

သားသမီးတွေဟာ မိဘတွေကိုပြန်ခံပြောတာဟာ အလွန်ကိုငရဲကြီးတယ်ဆိုတာ ဗုဒ္ဓဘာသာဝင်တိုင်း သိပါတယ်။ကျွန်မလည်း လက်ခံပါတယ်။ဒါပေမယ့် တစ်ချို့နေရာတွေမှာ မိဘများအနေနဲ့ လွဲမှားနေတာတွေရှိပါတယ်။မိဘတွေဟာ သူတို့ရဲ့အတွေ့အကြုံနဲ့ ယှဉ်ပြီးမဖြစ်သင့်တာမဖြစ်အောင် တားမြစ်တယ်ဆိုတာလည်း နားလည်ပါတယ်။သို့ပေမယ့်လည်း ကျွန်မမြင်တွေ့နေရတဲ့ မိဘတစ်ချို့ဟာဆို သားသမီးတွေကို အကျိုးသင့်အကြောင်းသင့် ရှင်းပြပေးရမယ့်အစား အော်ဟစ်ဆဲဆိုတာ ရိုက်နှက်ကြမ်းမောင်းတာတွေ ရှိလာပါတယ်။

တစ်ခါတလေမှာ "ငါဟာမိဘဖြစ်တဲ့အတွက် ငါ့စကားနားထောင်ရမယ်"လို့ လှေနံဓားထစ် မမှတ်ဘဲနဲ့ သူတို့ဘာကြောင့်ဒီအကြောင်းအရာကို ပြောရလဲဆိုတဲ့ အကြောင်းတရားကို ရှာဖွေပေးပါ။သားသမီးတွေရဲ့ စိတ်ထဲကိုမြင်အောင်ကြည့်ပေးပါ။တစ်ချို့မိဘတွေက ပြောကြတယ်။"နင်ပါးစပ်ဟလိုက်တာနဲ့ အူဘယ်နှစ်ခွေရှိတယ်ဆိုတာကအစ သိတယ်"တဲ့။ ဒါပေမယ့် အဲ့လိုပြောတဲ့မိဘတွေပဲ သားသမီးတွေရဲ့စိတ်ကို မြင်အောင်မကြည့်တတ်တာပါ။

လူတိုင်းကအမှားနဲ့မကင်းပါဘူး။အသက်ကြီးအသိဥာဏ်ကြီးတဲ့ လူကြီးတွေတောင် အမှားတွေလုပ်နေတာ။အတွေ့အကြုံနုနယ်တဲ့ ကလေးတွေအမှားလုပ်မိတာ ဆန်းလို့လား။လူငယ်တွေလုပ်တဲ့အမှားထဲမှာလည်း ၈၀ရာခိုင်နှုန်းက မသိလို့မှားမိတဲ့အမှားတွေပါ။အဲ့ဒါကို အပြစ်တွေထုတ်ဖော်ပြီး ဆူဆဲရိုက်နှက်နေမယ့်အစား ဒီအပြစ်ကိုလုပ်လာခဲ့လို့ ရရှိလာမယ့် အကျိုးဆက်ကို နားလည်အောင်ရှင်းပြပြီး နောက်မလုပ်ဖို့တားမြစ်လို့မရဘူးလား။

လူကြီးစကားတွေ အထူးသဖြင့် မိဘစကားတွေကို မြေဝယ်မကျနားထောင်ပါလို့ သင်နေမယ့်အစား ကလေးတွေရဲ့ရင်ထဲကိုဝင်ကြည့်ပေးပါ။တစ်ခါတလေ မိဘနဲ့ကလေး အမြင်မတူတာတွေ ဖြစ်လာရင်အေးအေးဆေးဆေးထိုင်ပြီး အကျိုးဆက်တွေကို ပွင့်ပွင့်လင်းလင်းပြောပြီး ဆွေးနွေးပေးပါ။ဒါမှသာ မိဘနဲ့ကလေးဟာ ကောင်းမွန်တဲ့ဆက်ဆံရေးဖြစ်လာမှာပါ။

အရေးအသားများတွင် တစ်စုံတစ်ခုချွတ်ချော်မှုများ ရှိနေပါက ခွင့်လွှတ်ပေးပါ။မိဘများကိုလည်း စော်ကားခြင်းမဟုတ်ကြောင်း ထပ်မံဖော်ပြပါရစေ။

Steemitမိသားစုဝင်များအားလုံးကို ကျေးဇူးအထူးတင်လျက်။

Steemit မိသားစုဝင်များအားလုံးစိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေ။
Give my love to you all Steemians.
written by :@hnineikhaing
MSU NO-003
received_236425950252219.jpeg

#myanmar
#msu

H2
H3
H4
Upload from PC
Video gallery
3 columns
2 columns
1 column
4 Comments