ဗူးဘုရားပေါ်မှ အလွမ်းမင်းသားလေး

image

ကျွန်တော်တို့ကားက ပုဂံကို ညနေ ၃း၃၀ နာရီခန့်
ရောက်ရှိသွားသည်။ ခဏ နားကာ ရေချိုး၍
ညနေ ဧရာဝတီမြစ်ကမ်းဘေး ဘုရားများကို
ဘုရားဖူးရင်း နေဝင်ချိန်ကြည့်ရန်အတွက် တည်းခို
သည့်နေရာမှထွက်ခဲ့ကြသည်။ ပုဂံသင်္ကြန်က
လမ်းတလျှောက် ပက်လိုက်ကြသည့်ရေမှာ အေး
လိုက်ပါဘိ။ ရေစိုစိုဖြင့် လောကနန္ဒာဘုရားဖူးပြီး
ဗူးဘုရားသို့ ဆက်လက်ထွက်ခွာခဲ့ကြသည်။

လမ်းတလျှောက် သင်္ကြန်ရေတို့က ပက်လိုက်သည်
ဖြစ်ခြင်း၊ အပူပိုင်းဒေသ ရေရှားမည်ဖြစ်၍
သင်္ကြန်ရေ သိပ်မပက်လောက်ဟုထင်ထားသည်။
အထင်နဲ့ အမြင်လွဲပါတော့သည်။ ပက်လိုက်သည့်ရေ
ဘုရားဖူးလမ်းတလျှောက် ကျွန်တော်တို့အဖွဲ့
ကြွက်စုတ်ဖြစ်ကြနေကြပါသည်။ ပုဂံသင်္ကြန်
မဏ္ဍပ်တို့က ရေကို မီးသတ်ကားများဖြင့်သယ်ကာ
ရေပက်ကြသည်။ သင်္ကြန်အကြိုနေ့မှာပင် ပုဂံက
ည ၉ နာရီအချိန်ထိ ရေပက်ကြသည်။

ဗူးဘုရားသို့ ရောက်သောအခါ မိုးချုပ်နေပေသည်။
ဘုရားကန်တော့ပြီး ဘုရားကိုပတ်ကြသည်။
ဗူးဘုရားတွင် ဧရာဝတီမြစ်ရေကများသည်။
လောကနန္ဒာဘုရားရှိ ဧရာဝတီမြစ်ရေမှာ
ဗူးဘုရားလောက် ရေမရှိပေ။ ဗူးဘုရားအောက်ခြေ
ဧရာဝတီမြစ်ကမ်းမှာ မော်တော်များအစီအရီ
ဆိုက်ကပ်ထားသည်။ ညအမှောင်မှာ ဗူးဘုရားပေါ်
မှ လှမ်း၍ကြည့်လျှက် မှိတ်တုတ်မှိတ်တုတ် မီး
အလင်း လေးများထွန်းထားသည့် မော်တော်များကို
တွေ့ရသည်။ ဧရာဝတီမြစ်တဖက်ကမ်းမှ စေတီ
ပုထိုးများ၏ မီးရောင်လဲ့လဲ့များကိုလည်း လွမ်းဖွယ်ရာ မြင်တွေ့ရသည်။

ဗူးဘုရားတွင် ညအချိန်ဖြစ်သော်လည်း လူစည်ကား
သည်။ ဓာတ်ပုံရိုက်သူ ဘုရားဖူးသူများဖြင့် ပြည့်နေသည်။ လူငယ်စုံတွဲများက ဖုန်းများဖြင့် အပြိုင်
ဓာတ်ပုံရိုက်နေကြသည်။ ဓာတ်ပုံရိုက်သည့် စုံတွဲများ၏ မနီးမဝေးတွင် လူနောက်တစ်ဦးက
စုံတွဲများကိုကြည့်၍ အဆိုတော် ကိုမင်းအောင်
၏ သီချင်းကိုဆိုလေသည်။

”အော်..သူတို့ ပျော်နေကြပါလား...
ဧရာဝတီမြစ်ကမ်းဘေးမှာ...
အလွမ်းမင်းသားလေးက...
ငါတစ်ယောက်ထဲပါလား....
ဘူးးး...ဘွတ်...”

အဆိုပါ ပုဂ္ဂိုလ်က ပါးစပ်မှ သီချင်းအပြင်
စအိုဝမှပင် တီးလုံးသံဖြင့် အားဖြည့်လိုက်သည်။
ထိုအခါ အနားမှရှိသည့် အတွဲမှလူက

” ဟာ..ဂျာ...အတော်နောက်တဲ့လူ”

ပြောဆိုကာ ထွက်သွားလေသည်။

ကျွန်တော်မှာ ထိုအဖြစ်အပျက်ကို အစအဆုံး
မြင်ရ ကြားရသဖြင့် အသံထွက်အောင် ရီမိပါသည်။
အဖွဲ့သားတွေက ဘာရီတာလဲမေးရာ ကားပေါ်
ရောက်မှ တဆင့်သူတို့ကို ပြောပြရာ တဝါးဝါး
ဖြင့် ရီကြပြန်ပါတော့သည်။

image

image

image

image

@htwegyi
Photo @htwegyi

H2
H3
H4
Upload from PC
Video gallery
3 columns
2 columns
1 column
13 Comments