ပန်းသီးတစ်​လုံး​လောက်​​တော့ တန်​ဖိုးထား​စေချင်


သြော်​ လူ​တွေလူ​တွေ
ကိုယ့်​စိတ်​ကြိုက်​ ​ရွေးဝယ်​ခဲ့တယ့်​ ပန်းသီးမှာ​တောင်
အပြစ်​အနာအဆာ ရှိ​နေနိုင်​​သေးတာပဲ
ပန်းသီးရဲ့ အပြစ်​အနာအဆာကို​တော့ ​လှီးဖယ်​ပြီး
ကောင်းတာ​လေးကို ​ရွေးစားကြတယ်
သူငယ်​ချင်း​တွေ၊မိတ်​​ဆွေ​တွေ၊အ​ပေါင်းအသင်း​တွေ
အိမ်​​ထောင်​ဖက်​​တွေကို​တော့
ပန်းသီးတ​စ်​လုံး​လောက်​​​တောင်​ တန်းဖိုးမထားမိဘူး​နော်
အပြစ်နည်းနည်းလုပ်​မိတာနဲ့ စိတ်​သ​ဘောထားအနည်းငယ်​ မတိုက်​ဆိုက်​တာနဲ့
ခွင့်​မလွှတ်​ဘဲ မုန်းပြစ်​လိုက်​ကြတယ်​​လေ။ 
အခုမသိသာ​သေး​ပေမယ့်​ ​နောက်​ဆို ကျွန်​​တော်​တို့ အချင်းချင်းထဲမှာ မ​ပြေလည်​မှု​တွေ အဆင်​မ​ပြေမှု​တွေ ဖြစ်​လာနိုင်​တယ်​ အဒါ​တွေကို တစ်​​ယောက်​နဲ့တစ်​​ယောက်​ နားလည်​မှုရှိရှိနဲ့ စိတ်​သ​ဘောထားပြည့်​ဝစွာ ​ဖြေရှင်းကြဖို့လိုပါမယ်​။လူတိုင်း အမှားနဲ့မကင်းကြပါဘူး ဒါ​ကြောင့်​ ခံတံ​နောက်​မှာ ခဲဖျက်​ထည့်​ထားတာ​လေ။
နောက်​ထပ်​ဝင်​လာမယ်​သူများဟာ ဘာမှမသိ​​သေးတဲ့ လူငယ်​​လူသစ်​​တွေဖြစ်သည့်​​အ​လျောက်​ အမှား​တွေလည်း အနည်းနှင့်အများ​​​​တော့ရှိမှာပါပဲ ဒါ​တွေကို ကျွန်​​တော်​တို့က အပြစ်​​ပြော​နေလိုချည်း မဖြစ်​ပါဘူး။မှား​နေတဲ့သူရဲ့ post​အောက်​မှာ အမှား​တွေကို​ထောက်​ပြတာ​တွေ အပြုသ​ဘော​ဆောင်​တဲ့ဝေဖန်​မှု​တွေ ပြုလုပ်​​ပေးရမှာဘဲ ဖြစ်​ပါတယ်​။အခုကျွန်​​တော်​တို့လည်း အဖွဲ့​တွေခွဲပြီး လူသစ်​​တွေရဲ့ အမှား​တွေကို​ထောက်​ပြ​နေကြပါတယ်
‌ဘာမှနားမလည်​​သေးတဲ့သူ​တွေကို ရှင်းပြ​ပေးမယ့်​အဖွဲ့လည်း သီးသန့်​ဖွဲ့စည်းထားပါပြီိ။ကျွန်​​တော်​ကို အခုလို ဒုက္ခခံပြီး လုပ်​​ဆောင်​​နေတာ​တွေ ​နောင်​လာမယ်​ လူသစ် (Newbies) ​တွေအားလုံး အခက်​အခဲမရှိ ​ချော​ချော​မွေ​မွေနဲ့
steemit platform အောက်​မှာ အမှားကင်းရှင်းစွာ အသုံးပြုနိုင်ဖို့ပဲ ဖြစ်ပါတယ်။ကျွန်​​တော်​တို့ ​စေတနာ​တွေ အနစ်​နာခံမှု​တွေ သူတို့ သိပါ​စေ။
FB_IMG_1502012243370.jpg
Photos credit; Google Image
Jhon Night 8,7,2017

H2
H3
H4
Upload from PC
Video gallery
3 columns
2 columns
1 column
21 Comments