အလွန်ပူပြင်း သောနွေရာသီ နေ့ရက်များ ( အပိုင်း - ၃)
Hello , all steemit member.
ကျမတို့ငယ်စဉ်ကာလ ယခုကဲ့သို့ ရသီဥတု ပူပြင်းသောနှစ်များတွင် မိုးမရွာပါက လွန်ဆွဲ ပွဲများ ပြုလုပ်၍ မိုးရွာစေရန် မိုးခေါ် ပွဲ များပြုလုပ်ခဲ့ကြပါသည်
မြို့နေ လူများကတော့ မိုးရွာပါက အပူဒဏ် လျှော့ ကျ သက်သာစေမှာ ဖြစ်သည့် အတွက် လွန်ဆွဲပွဲများ ပြုလုပ်ကြခြင်း ဖြစ်ပြီး ကျေးလက် နေ လူများကတော့ မိုးရွာပ်မှ စိုက်ပျိုးရေး လုပ်နိုင်မှာ ဖြစ်သောကြောင့် လွန်ဆွဲပွဲ များပြုလုပ်ကြပါသည်
ယခုကဲ့သို့ နှစ်စဉ်နှစ်တိုင်း အပူချိန် တိုးသည်ထက် တိုး ၍ ပူပြင်း လာရခြင်းမှာ သစ်တောသစ်ပင်များ ပြုံးတည်း ခြင်း က များစွာ သက်ဆိုင်လျှက် ရှိနေပါသည်
တစ်ကမ္ဘာလုံး တစ်နိုင်ငံလုံး အတိုင်း အတာနှင့် မပြောနဲ့ ကျမတို့ နေထိုင်လျှက်ရှိသော မြို့ ရပ်ကွက် အိမ်ခြံဝင်း တို့မှာပင် ကျမတို့ ငယ်စဉ်ကာလ နှင့် ယှဉ် လျှင် သစ်ပင် များလျှော့နည်း သွားပြီ ဖြစ်ပါသည်
သက်တမ်းရင့် အပင်ကြီးများ လေဒဏ် မိုးဒဏ်ကြောင့် ပြိုလဲပျက်ဆီး သွားကြသလို
လောင်စာ အတွက် အသုံး ပြု ရန် လမ်းချဲ့ထွင်ရန် တိုက်တာ အိမ်ခြေ ဆောက်လုပ်ရန် စသဖြင့် အပင်များအား ခုတ်လဲ လာခဲ့ကြသည့် အတွက် မြို့ အတွင်း ရပ်ကွက် အတွင်းတို့ ၌ ပင်လျှင် သစ်ပင်များ အရိပ်ရသစ်ပင်ကြီးများ ရှားပါး သွားခဲ့ ပါသည်
အိမ်ခြံဝင်း ပတ်ပတ်လည် တစ်ခုလုံး သစ်ပင်ကြီးများဖြင့် အုပ်ဆိုင်းလျှက် ရှိသော ကျမနေထိုင် အိမ်ခြံဝိုင်း တွင်ပင်လျှင် လွန်ခဲ့သော ၂နှစ်ခန့်မှ အုတ်တံတိုင်းဆောက်လုပ်ရာတွင် မလွတ်ကင်းသည့် အတွက် အရိပ်ရ သစ်ပင်ကြီး ၇ ပင် ခုတ်လှဲ ပြစ်ခဲ့ရပါသည်
ထိုအချိန်မှ စ၍ အေမြအရိပ်အာဝါသျကာင်း ပြီး နေထိုင်သည့် ကျမတို့ အိမ်ပင်လျင် နေပူဒဏ် ကို စတင် ခံစားကြရပါသညါ
ထို့ကြောင့် လည်း အပူချိန်မြင့်တက်လာ ပြီး အပူဒဏ် ကို ပို၍ ခံစား ကြရပါသည်
ထို့ကြောင့် ……………