ဂျပန်နိုင်ငံကျဆုံးနိုင်သလား
လူတကာအထင်ကြီးအားကျစရာကောင်းသည့် ဂျပန်နိုင်ငံအား ကျဆုံးနိုင်သလားဘာလား ရေးသားသည့် ကျွန်ုပ် အား ကြီးကျယ်ရန်ကော၊သူကဘာကောင်မို့ ဒါမျိုးရေးရသလဲဟု ထင်စရာရှိပါသည်။မှန်လည်းမှန်ပါ၏ ကျွန်ုပ်ကဘာကောင် မှမဟုတ်ပါ။ တကယ်တော့ ဂျပန်နိုင်ငံသည် ကမ္ဘာပေါ်တွင် ကျွန်ုပ်အထင်ကြီးအားကျဆုံးနိုင်ငံမှာလည်းဖြစ်ပါသည်။
ဂျပန်နိုင်ငံကို အထင်ကြီးအားကျသည်ဆိုသည်မှာ ချမ်းသာသောနိုင်ငံ၊ နည်းပညာထွန်းကားသောနိုင်ငံဖြစ်ခြင်း တို့ကြောင့်သာမဟုတ် စည်းကမ်းရှိခြင်း၊ သူခိုးသူဝှက်မရှိခြင်း၊ သဘာဝဘေးအန္တရယ်တွေကြုံရသည့်တိုင် တည်ငြိမ်သောစိတ် ဓာတ်ဖြင့် မထိပ်မပြာ ရင်ဆိုင်ဖြေရှင်းတတ်ခြင်းတို့သည် ဂျပန်တို့၏ ထူးခြားသောဝိသေသများဖြစ်ပါသည်။
ဂျပန်တို့တွင် ရှေးမီဂျီခေတ်ကကဲ့သို့ နိုင်ငံရေးခေါင်းဆောင်ကောင်းမရှိတော့ပါ။ သို့သော်စနစ်ကောင်း၏ ထိန်း ကြောင်းမှုကြောင့် ဘယ်သူခေါင်းဆောင်သည်ဖြစ်စေ ဂျပန်နိုင်ငံသည် တိုးတက်နေဦးမည်၊ထွန်းကားနေဦးမည်၊ ချမ်းသာ နေဦးမည်သာဖြစ်ပါသည်။
သို့သော် ဂျပန်နိုင်ငံကိုသတိထားစောင့်ကြည့်လျှင် လူဦးရေမသိမသာလျှော့နည်းနေသည်ကို တွေ့ရှိနိုင်မည်ဖြစ်ပါ သည်။အမျိုးသမီးတစ်ဦးရဲ့ ကလေးမွေးဖွားနှုန်းက 1.39 သာရှိတော့ အမှန်တကယ် လိုအပ်တဲ့ရာခိုင်နှုန်းက 2.1 ဆိုတော့ အများကြီးလျော့ကျနေပါတယ်။ ဂျပန်တို့သည် စီးပွားရေးကောင်းသူများဖြစ်သောကြောင့် ဟိုးယခင်မြန်မာများကဲ့သို့ တစ်အိမ် ထောင်တွင်ဖခင် တစ်ဦး၏လုပ်ခလစာသည် တစ်မိသားစုသုံးစွဲရန် လောက်င သည်ဖြစ်၍ အားလုံးထိုင်စားနိုင်ကြသည်။ အဖိုးအဖွားသက်ကြီး ရွယ်အိုများကိုလည်းစောင့်ရှောက်နိုင်ကြသည်။ဂျပန်တို့ လူဦးရေမသိမသာလျှော့နည်းလာကြခြင်းမှာ အကြောင်းရှိသည်။ ဂျပန်အမျိုးသမီးများသည် နှစ်ပေါင်းအတော်ကြာအောင် သူတို့ယဉ်ကျေးမှုအတိုင်း မိသားစုထဲမှာရော လူ့အဖွဲ့အစည်းထဲမှာပါ နေထိုင်ခဲ့ကြပါတယ်။ အိမ်ထဲမှာနေ၊ ကလေးတွေထိန်း၊ လူကြီးတွေကိုပြုစု၊ အိမ်တွင်းမှုတွေ လုပ်ရတာကို ပျော်ရွှင်ကျေနပ်ခဲ့ကြပါတယ်။
ဒါပေမယ့် ခုတော့ အမျိုးသမီးတွေက ခရီးတွေထွက်၊ နိုင်ငံခြားမှာရှိတဲ့လူတွေနဲ့ ပေါင်းသင်း ဆက်ဆံရာကနေ ကိုယ်တိုင်အလုပ်ထွက်လုပ်၊ ကိုယ့်ဝင်ငွေကိုယ်ရှာပြီး လွပ်လပ်တဲ့ ဘဝအရသာကို တွေ့လာကြတယ်။ သူတို့ရဲ့ အခြေခံစိတ်ဓာတ်တွေ ပြောင်းလဲလာနေပြီး မိသားစုကိုစောင့်ရှောက် ချက်ပြုတ်ကျွေးမွေးနေရ သည့် အခြေအနေကို စိတ်ကုန်လာသည့်အတွက် အိမ်ထောင်မပြုတော့ခြင်း၊ အိမ်ထောင်ပြုသော်လည်း ကလေးမယူခြင်း စတဲ့ပြဿနာတွေရှိလာပါ တယ်။ ဒီတော့ သက်ကြီးရွယ်အိုတွေကိုစောင့်ရှောက်ပေးနိုင်မယ့်လူပါလျော့ကျလာပါတော့တယ်။ ဂျပန်မှာ အချို့ကျန်းမာ သက်ကြီးရွယ်အိုတွေက ဘဏ်တွေ၊ ကုမ္ပဏီကြီးတွေ၊ဟိုတယ်တွေမှာ လုံခြုံရေးတာဝန်တွေယူကြတာ တွေ့ရပါတယ်။ အချို့ သက်ကြီးရွယ်အိုတွေကျတော့ မိသားစုစောင့်ရှောက်မှုအားနည်းတာရယ်။ ပင်စင်လစာနဲ့မလုံလောက် တာရယ်ကြောင့် ကုန်တိုက်တွေမှာ ပစ္စည်းဝင်ခိုးကြပါတယ်။ သူတို့ခိုးတယ်ဆိုတာက အဖိုးတန်ပစ္စည်းတွေမဟုတ်ပါဘူး။ အဖိုးမတန်တဲ့ပစ္စည်း လေးတွေပါ။ သူတို့ရဲ့ရည်ရွယ်ချက်က ပစ္စည်းလိုချင်တာမဟုတ်ပါဘူး။ ထောင်ကျချင်တာပါ။
သူတို့ထောင်ကျချင်တဲ့အကြောင်းကတော့ ထောင်ထဲမှာ ပြုစုစောင့်ရှောက်မှုအပြည့်အဝရပြီး အစားအသောက်၊ အပမ်းပြေပျော်ရွှင်မှု၊နေစရာ၊ အားကစား၊ စာဖတ်ခြင်း စတဲ့အရာတွေအားလုံးရှိတဲ့အပြင် ပင်စင်လစာကိုထုတ်သုံးစရာမလို တော့တဲ့အတွက် ပိုပြီးတွက်ခြေကိုက်လို့ ဂျပန်အဖိုးကြီးတွေက ထောင်အကျခံချင်ကြပါတယ်။ဒါကြောင့် သက်ကြီးရွယ်အို စောင့်ရှောက်ရေးက ဂျပန်မှာမဖြစ်မနေဆောင်ရွက်ပေးရမယ့်ပြဿနာဖြစ်လာပါတယ်။ ပြီးတော့ ဂျပန်လူမျိုးဟာ အမျိုးသန့်ရမယ်ဆိုတဲ့ယုံကြည်ချက်က နက်နက်နဲနဲစွဲနေတော့ နိုင်ငံခြားသားလက်ခံတဲ့နှုန်းကလည်းမရှိသလောက်နည်းပါး နေတာပါပဲ။ လက်ရှိဂျပန်မှာရှိတဲ့ နိုင်ငံခြားသားအရေအတွက် 1.2 ရာခိုင်နှုန်းပဲရှိပါတယ်။
နိုင်ငံလူဦးရေဟာ နိုင်ငံတစ်ခုရဲ့ကံကြမ္မာနဲ့ဆက်စပ်နေပါတယ်။ သက်ကြီးရယ်အိုတွေက သူတို့ရဲ့ ကား၊ တီဗီ စက်တွေကို အသစ်မလဲကြတော့ပါဘူး။ အဝတ်အစားသစ်၊ ဂေါက်ရိုက်ပစ္စည်းအသစ်တွေ သူတို့က မဝယ်ကြဘူး။ သူတို့မှာ လိုတာတွေအားလုံးရှိနေကြပြီ။ အပြင်ကစားသောက်ဆိုင်တွေမှတောင်သိပ်မစားချင်ကြတော့ဘူး။ ဒီအကြောင်းတွေ ကြောင့် ပြည်တွင်းဝယ်ယူစားသုံးမှုပမာဏက ထိုးဆင်းသွားပါတယ်။ ဒါဟာစီးပွားရေးကိုထိခိုက်လာစေတဲ့အချက်တစ်ခုပါပဲ။ကြာရင် ပြဿနာတွေက များပြားမလာနိုင်ဘူးလား။
အမှန်တော့ ကျွန်တော်တို့နိုင်ငံသည် ပို၍ပင် လူဦးရေပြဿနာရှိသော နိုင်ငံဖြစ်ပါသည်။ ကျွန်တော်တို့ငယ်စဉ်က အဖေတစ်ယောက်လုပ်စာ တစ်မိသားစုလုံးထိုင်စားခဲ့ကြသည်။ ဒီနေ့မိသားစုအားလုံးထွက်၍ အလုပ်လုပ်နေကြသည်။ ဂျပန်အမျိုးသမီးတွေလို လွပ်လပ်မှုကိုလိုချင်၍ တော့မဟုတ် အားလုံးထွက်မလုပ်လျှင်ထမင်းဝအောင်မစားနိုင်၍ဖြစ်ပါသည်။ ဆိုတော့ မြန်မာအမျိုးသမီးတွေ အိမ်ထောင်မပြုပဲနေသူတွေများလာသည်။ ထမင်းငတ်ပြီး လူမှုပြဿနာတွေ မဖြေရှင်း ချင်ကြတော့လို့ဖြစ်သလို၊ ယောကျာ်းများကလည်း အိမ်ထောင်တစ်ခုစာထမင်းကျွေးမထားနိုင်တော့သောကြောင့်ဖြစ်သည်။
ကိုယ့်တိုင်းပြည်မပူပဲသူများတိုင်းပြည်သွားပူနေသော ကျွန်ုပ်အား ညှာညှာတာတာ ဝေဖန်ပေးကြပါကုန်။
မင်းစိုးနိုင်
MSC-010
Photo – Google