အရှုံးနဲ့အမြတ်ဆိုတာကတော့ လုပ်ငန်းစဉ်တိုင်းမှာ ရှိနေမှာပါဘဲ အရင်းဘဲရတယ်ဆိုခဲ့ရင်တောင် အချိန်ကာလ ဆုံးရှုံးခြင်းနဲ့ အသိအမြင်အတွေ့အကြုံ အမြတ်ထွက်ခြင်း ရှိနေပါတယ် ဒါကြောင့် နှစ်မျိုးထဲက တစ်မျိုးတော့ ကြုံတွေ့ရမှာပါဘဲ တစ်ခုခုကိုလိုချင်ရင်တော့ တစ်ဖက်ဖက် ကို ပြတ်ပြတ်သားသား ရပ်တည်ရဲရပါလိမ့်မယ် မတင်မကျနဲ့ ဒွိဟတွေက အဖြေကောင်း တစ်ခု ရလာဒ်ကောင်းတစ်ခု မပေးစွမ်းနိုင်ပါဘူး ပြောင်းလဲခြင်းနဲ့အတူ ကြီးပွားတိုးတက်ခြင်းကို မွေးဖွားသန့်စင်ဖို့ စွန့်စားရပါလိမ့်မယ်
ဆုံးရှုံးမှုကတော့ လူတိုင်း ကြောက်ပါတယ် တိုးပွားများပြားလာတာကို အလိုရှိပေမယ့် ဆုတ်ယုတ်နည်းပါးသွားတာကိုတော့ တွေးတောင် မကြည့်ချင်ပါဘူး ဒါကတောပ သဘာဝပါဘဲ ဆုံးရှုံးမှုတွေ ခဏခဏ ကြုံရတဲ့အခါ နားလန်မထူနိုင်အောင် ဖြစ်ရပါတယ် နောက်တစ်ကြိမ်တော့ အောင်မြင်လိမ့်မယ်လို့ အားတင်းပေမယ့် ခံစားရတဲ့ ရင်ဘက်က အလွန်နာကျင်ပါတယ် ဆုံးရှုံးဖူးတဲ့ ငါ နောက်ထပ် ဆုံးရှုံးမှာ ငါကြောက်တယ်ဆိုတာ တကယ့် ခံစားချက်အစစ်အမှန်ပါဘဲ
အကျိုးအမြတ်အတွက်တော့ ဆုံးရှုံးမှုနဲ့ သူတင်ကိုယ်တင် ကစားနိုင်မှဖြစ်မှာပါ အရှုံးကာမိဖို့ လုပ်ရတာက ပိုပြီး ပင်ပန်းပါတယ် အမြတ်ရအောင် လုပ်ရင်းကနေဘဲ ဆုံးရှုံးမှုတွေကြုံရပါတယ် ဒီအခါမှာ မူလအရင်းပြန်ရအောင် လုပ်ရပြန်ပါတယ် ကံကောင်းအကြောင်းလှရင်တော့ သိပ်ပြီး လှုပ်ရှားစရာမလိုဘဲ အမြတ်ကို အေးအေးဆေးဆေး ယူလိုက်နိုင်မှာပါ ဒါကလည်း ကြုံတောင့် ကြုံခဲ အခွင့်အရေးပါ အများအားဖြင့်တော့ ဆုံးရှုံးမှု နယ်မြေထဲကို ဦးစွာ ၀င်ရောက်ပြီးမှသာ အောင်မြင်ခြင်း အမြတ်ရခြင်း အခြေအနေကို ခက်ခက်ခဲခဲ ဖန်တီးယူရတာများပါတယ်
မကြာခင်ကမှ ပြီးဆုံးသွားတဲ့ မူးယစ်ရာဇာ ဂိမ်းကစားပွဲမှာ ဒီအဖြစ်ကိုကြုံခဲ့ရတယ် စတီးမစ်မှာ ၀မ်းစတင်းရဖို့ မလွယ်ပါဘူး တော်တော်လုပ်ယူနိုင်မှ ရတာပါ အဲ့သလိုအခြေအေနေမှာ စတင်း ငါးရာဝန်းကျင်ခန့် ရေစုန်မျောတော့မယ့် အခြေအနေနဲ့ ကြုံရတယ် ဒါကို သတိထားတွက်ဆမိတော့ အခြေအနေက လက်လွန်နေပြီ ပြန်ကုစားဖို့ကလွဲပြီး အခြားမရှိဘူး ဒါကြောင့် နောက်ထပ် စတင်း ခုနှစ်ရာ စစ်ကူလွှတ်ရတယ် စုစုပေါင်း တစ်ထောင့် နှစ်ရာ ရင်းနှီးလိုက်ရတယ်ပေါ့
တွက်ဆမှုနဲ့ ကုစားမှုက အချိန်မှီလေးဖြစ်သွားတော့ အဆင်ပြေသွားခဲ့တယ် မူလအရင်း တစ်ထောင့်နှစ်ရာ ပြန်ရလိုက်တယ် နောက်ထပ် အမြတ် ခုနှစ်ရာ့ငါးဆယ် အဆစ်ပါလာတယ် တွက်ဆမှု လွဲခဲ့ရင်တော့ တစ်ထောင့်နှစ်ရာ အရည်ပျော်မယ့်ကိန်းပါဘဲ စတီးမစ်က အောင်မြေဆိုတာကို မသိစိတ်က အကြွင်းမဲ့ ယုံကြည်နေခြင်းရဲ့ စွမ်းအားကြောင့်ထင်ပါတယ် မူးယစ်ရာဇာဂိမ်း စစ်ဆင်ရေးမှာ အနိုင်ရလိုက်တယ်
နောက်တစ်ပွဲကိုလည်း ဆက်ကစားမယ်လို့ ဆုံးဖြတ်တယ်

Author : @bobokyaw
Posted from my blog with SteemPress : http://steemhosting.com/bobokyaw/2019/04/28/%e1%80%85%e1%80%bc%e1%80%94%e1%80%b9%e1%82%94%e1%80%85%e1%80%ac%e1%80%b8%e1%80%9b%e1%80%99%e1%80%bd%e1%80%ac%e1%80%b1%e1%80%90%e1%80%bc%e1%80%b8%e1%80%b1%e1%81%be%e1%80%80%e1%80%ac%e1%80%80%e1%80%b9/