တစ်ရက်တစ်လေတော့ ပျင်းတယ်

ဒီနေ့ကတော့ စာရေးဖို့ သိပ်ပြီး အားမပါလှပါဘူး ကိုယ်လက်တွေ ညောင်းညာကိုက်ခဲနေပါတယ် အပြင်မှာတော့ အရမ်းပူနေတယ် ဒါပေမယ့် အခုလိုပူကာမှဘဲ လူက အားအင်နည်းသလို ခံစားလာရတယ် အပူလွန်ကဲတော့ အားယုတ်လျှော့တာလည်း ဖြစ်မလားဘဲ ကိုယ်တွေနေတဲ့ အအေးပိုင်း ဒေသတောင် ဒီလောက်ပူနေရင် အောက်ပြည် အောက်ရွာ က ဘယ်လိုများနေကြပါလိမ့် သူ့ဟာနဲ့သူကတော့ နေသားတကျဖြစ်မှာပါ လူတွေက အလိုက်သင့် နေတက်ထိုင်တက်ကြပါတယ် ဒါက လူတွေရဲ့ သဘာဝကပေးတဲ့ လက်ဆောင် တစ်ခုပါဘဲ

နေ့ခင်းဘက်က အရမ်းပူထားတော့ ညဘက်မှာ လူက နုံးပြီး မလှုပ်ချင်တော့ဘူး မျက်တောင်တွေလည်းမှေးစင်းနေပြီ အခါတိုင်းဆိုရင်တော့ ဒီအချိန်က ကိုယ့်အတွက် အတက်ကြွဆုံးနဲ့ အပျော်ဆုံးအချိန် တစ်ခုပါဘဲ ဘာလို့လဲဆိုတော့ တစ်နေ့တာလုံးမှာ ကိုယ်စိတ်အ၀င်စားဆုံးနဲ့ အလုပ်ချင်ဆုံးအလုပ်ကို လုပ်ရတဲ့ အချိန်ဖြစ်လို့ပါဘဲ အခုတော့ အဲ့ဒီ ဖီလင်လည်း မကယ်နိုင်တော့ဘူး လုံးဝ အနားယူလိုက်ချင်မိတယ်

သို့သော် ပင်ပန်းတာတော့ ပင်ပန်းတာပေါ့လေ စာရေးတာက ပျက်လို့မဖြစ်လေဘူး တစ်ရက်ဆိုလည်း တစ်ရက် နောက်တစ်ရက် ထပ်သွားနိုင်တယ် အခုထိ လျှောက်လာပြီးမှတော့ ရိုးရာအပျက်မခံတော့ပါဘူးလေ စာတစ်ပုဒ်လောက်တော့ ဖြစ်အောင် ရေးတင်ဦးမှပါ မဟုတ်ရင် ကိုယ့်အတွက် တစ်ရက်တာ ထိခိုက်နစ်နာပါတယ် ပေးမယ့်သူက အဆင်သင့် ၇ှိနေတာတောင်ေ၇းတဲ့သူ တောင်းတဲ့သူက မလုပ်နိုင်တာတော့ ကိုယ့်လောက်မိုက်တဲ့သူ ရှိပါ့မလားနော အဲ့သလိုတော့ အဖြစ်မခံနိုင်သေးဘူး

ရေးစရာရှိတာရေး တင်စရာရှိတာ တင် လုပ်စရာရှိတာလုပ်ရမှာပါဘဲ စတီးမစ်ပေါ်မှာ ရှိနေရတဲ့ အဓိက ရည်ရွယ်ချက်က ဘာလဲ နေ့စဉ် မျှော်လင့်ချက်ကကော ဘာလဲ အနီးဆုံးပန်းတိုင်ကကော ဘာလဲ အလိုချင်ဆုံးအရာကကော ဘာလဲ အဲ့သလို မေးခွန်းတွေကို အထပ်ထပ် အခါခါ မေးရင်း ဒီညတော့ ခပ်စောစောလေး အိပ်တော့မယ် ကျန်းမာရေးက ဖေါက်ချင်လာတယ် ကျန်းမာရေးဂရုစိုက်ရဦးမယ် မဟုတ်ရင် စတင်းဈေး မိုးထိုးတဲ့ကာလ မမှီလိုက်ဘဲရှိနိုင်တယ်

@bobokyaw.jpg

Author : @bobokyaw



Posted from my blog with SteemPress : http://steemhosting.com/bobokyaw/2019/04/26/%e1%80%90%e1%80%85%e1%80%b9%e1%80%9b%e1%80%80%e1%80%b9%e1%80%90%e1%80%85%e1%80%b9%e1%80%b1%e1%80%9c%e1%80%b1%e1%80%90%e1%80%ac%e1%82%94-%e1%80%95%e1%80%ba%e1%80%84%e1%80%b9%e1%80%b8%e1%80%90%e1%80%9a/
H2
H3
H4
Upload from PC
Video gallery
3 columns
2 columns
1 column
Join the conversation now