တစ်ရက်ကျော်လွတ်လပ်ခွင့်

မနေ့ကတော့ စာမရေးဖြစ်ခဲ့ပါဘူး တစ်ရက် တစ်လေ စာမရေးတာတော့ ဘာမှ မဖြစ်လောက်ဘူးလားလို့ပါဘဲ အဲ့သလိုဘဲတွေးခဲ့တာပါဘဲ တကယ်တော့ တစ်ရက်တစ်လေကနေ နှစ်ရက် နစ်လေအထိ ဖြစ်လာပါတယ် ဒီနေ့လည်း မရေး တော့ဘူးလားလို့ စိတ်ကူးပါသေးတယ် တစ်ရက်နှစ်ရက်နဲ့ တော့ဘာမှ မဖြစ်လောက်ပါဘူး တွေးပါတယ် မနေ့ကလည်း မရေးတော့ ဒီနေ့လည်း မနေ့ကလိုဘဲ မရေးဘဲ နေလိုက်ချင်မိပါတယ် စာရေးပို့စ်တင်မှ စတင်းလေးတွေ မြင်ရမှာဖြစ်တာကို သိနေလည်း

စာရေးချင်စိတ်ကတော့ တဖြည်းဖြည်း ပါးလျှလိုလာပါတော့တယ် အမှန်ကတော့ အပျင်းထူချင်လာမိတာပါဘဲ အရင်လို သွက်သွက်လက်လက်မဟုတ်တော့တာတော့ သေချာပါတယ် အရင်ကဆိုရင် တစ်ရက် သုံးလေခုောက်တော့ အသာလေးပြစ်တင်လိုက်တာပါဘဲ တကယ် တမ်း ဘာမှလည်း မည်မည်ရရ ရတာ မဟုတ်ပါဘူး ပြားစားလေးတွေနဲ့သာ ကျေနပ်နေခဲ့တာပါ ဟိုတုန်းက ၀မ်းစတင်းလောက်၇ဖို့ တော်တော်လေး လုပ်ခဲ့ရတာပါ

အခုဆိုရင် ၀မ်းစတင်းတောင် မကတော့တဲ့ အခွင့်အရေးတွေ များစွာရှိလာပါပြီ အခုလို အခွင့်အရေး များလာကာမှဘဲ လူက အပျင်းထူချင်လာပါတော့တယ် ခက်တော့ ခက်နေပါပြီ စိတ်ကလည်း မရတုန်းကတော့ လိုချင် ရချင်လို့ ကြိုးစားခဲ့တယ် အခုရလည်းရရော သိပ်မကြိုးစားချင်တော့ဘူး အဲ့သလိုနဲ့ စာမရေးလည်း ဖြစ်ပါတယ်ဆိုပြီး နေချင်လာတော့တာပါဘဲ အလုပ်များတာ အလုပ်မအားတာကို အကြောင်းပြပြီး သက်သာရာ ရှာချင်လာတာပါဘဲ

ဒီနေ့တော့ မဖြစ်တော့ပါဘူး အရင်လို မှန်မှန်လေး ရက်မပြတ် စာတွေ ပြန်ရေးဦးမှပါဆိုပြီး မနည်းအားတင်းလို့ စာရေးပို့စ်တင်ရပါတယ် အခုဆို ဟိုကလည်း ပေး ဒီကလည်း ပေးနဲ့ ရတာတွေက အရင်ထက်တော်တော်များပါတယ် ဒီလိုအခွင့်အရေးကောင်းတွေရနေတုန်း ပျင်းနေလို့တော့ မဖြစ်သေးပါဘူး ရေးစရာရှိတာေ၇းပြီး တင်စရာရှိတာတင်လို့ ရနိုင်သမျှလေး အရင်လို မှန်မှန်ပြန်စုဆောင်းဦးမှပါလေ

@bobokyaw.jpg

Author : @bobokyaw



Posted from my blog with SteemPress : http://steemhosting.com/bobokyaw/2019/04/07/%e1%80%90%e1%80%85%e1%80%b9%e1%80%9b%e1%80%80%e1%80%b9%e1%80%b1%e1%80%80%e1%80%ba%e1%80%ac%e1%80%b9%e1%80%9c%e1%80%bc%e1%80%90%e1%80%b9%e1%80%9c%e1%80%95%e1%80%b9%e1%80%81%e1%80%bc%e1%80%84%e1%80%b9/
H2
H3
H4
Upload from PC
Video gallery
3 columns
2 columns
1 column
1 Comment