တစ်ရက်ခြားတစ်ခါတင်

ခုတလော အလုပ်တွေက များလေခဲ့သောကြောင့် စတီးမစ်ပေါ်ကို စာရေးတင်ရန် တော်တော်လေးကို အခက်အခဲ ဖြစ်နေပါတယ် မတင်ရတဲ့ရက်တွေက တဖြည်းဖြည်းနဲ့ ခပ်စိပ်စိပ်လေးဖြစ်လာတော့ စတင်းရရှိမှု နှုန်းကလည်း ခပ်ကျဲကျဲလေး ဖြစ်လာပါတော့တယ် တစ်ရက်ဆိုလည်း တစ်ရက် အတော်သိသာပါတယ် တဖြည်းဖြည်းချင်း စုဆောင်းရတာဆိုတော့ အခုလို စာမရေး တင်ဖြစ်တာများလာရင် တော်တော်လေးကို ခရီးဖင့်စေမှာပါဘဲ မှန်မှန်လေး ရေး မှန်မှန်လေးတင်နိုင်ဖို့ကတော့ အဓိကအလုပ်တစ်ခုအဖြစ်လုပ်ဆောင်မှ သင့်လျှော်မှာပါဘဲ

အလုပ်များလို့ စာမရေးဖြစ်တာတစ်ခုတည်းတော့မဟုတ်ပြန်ပါဘူး စာရေးဖို့ကို အနှောက်အယှက် အတားအဆီးတွေကလည်း ရှိနေပြန်ပါတယ် မနေ့ညကဆိုရင် ပုံမှန်အတိုင်း စာရေးဖို့ပါဘဲ ဒါပေမယ့် ဖြစ်ချင်ပြန်တော့လည်း မနေ့ညက လေပြင်းတွေတိုက် မိုးတွေကရွာဆိုတော့ စာကမရေးရပြန်ပါဘူး ဘာလို့လဲဆိုတော့ မနညေ့က မီးကထပြီး ပျက်ပြန်ပါတယ် လေပြင်းလေးတွေတိုက် မိုးတွေကရွာ မိုးကြိုးတွေက ပစ် တဂျိမ်းဂျိမ်းနဲ့ဆိုတော့ မီးပေးဝေရေးက ချက်ချင်းဘဲ မီးဖျက်ပါတော့တယ်

ကောင်းပါတယ် အခုလိုဆိုတော့လည်း စာမရေးလက်စနဲ့ မရေးရတော့ဘူးပေါ့ နောက်ရက်မှ ပေါင်းပြီး ရေးရတော့မှာပေါ့ ဒီလိုနဲ့ဘဲ တစ်ရက်ပြီးတစ်ရက် ထပ်ပါတော့တယ် ဒီမနက်တော့ စောစောလေး ထပြီး စာရေးရပါတယ် ညကပျက်တဲ့မီးက ပြန်လာနေပါပြီ ဘယ်ချိန်ပြန်လာသလဲတော့မသိပါဘူး မီးလာတာလေးတွေ့တော့ စာမြန်မြန်ကောက်ရေးရပါတယ် အခန့်မသင့် ချက်ချင်းပြန်ပြီး မီးပျက်သွားရင် ဒုတ်ခလေ

ဒါကြောင့် မီးလာတုန်းလေး ခေါင်းထဲ ပေါ်မလာသော အတွေးများအကြောင်း တွေးတောရန် အချိန်မရပါဘူး ရတာလေး ကောက်ရေးရတာပေါ့လေ တစ်က်ပြီးတစ်ရက်နဲ့ မှန်မှန်ရေးလာတဲ့ စံချိန်က အခုဆိုရင် နှစ်ရက်တစ်ခါ ပို့စ်တင်စာရေးရတဲ့ ဘ၀ရောက်မှန်းမသိရောက်လာပါတယ် ဒီအခြေအနေကို ပြန်ပြီး ပြုပြင်ပြောင်းလဲရပါဦးမယ် စတင်းဈေးလေး အောက်ပိုင်းရောက်နေတုန်း စတင်းစု၇တာလေ အပေါ်ခုန်တက်သွားရင် ဘာမှ ရမှာမဟုတ်တော့ဘူး ရတုန်းလေး ရတန်သမျှ ယူထားရပါတယ်

@bobokyaw.jpg

Author : @bobokyaw



Posted from my blog with SteemPress : http://steemhosting.com/bobokyaw/2019/04/09/%e1%80%90%e1%80%85%e1%80%b9%e1%80%9b%e1%80%80%e1%80%b9%e1%80%bb%e1%80%81%e1%80%ac%e1%80%b8%e1%80%90%e1%80%85%e1%80%b9%e1%80%81%e1%80%ab%e1%80%90%e1%80%84%e1%80%b9/
H2
H3
H4
Upload from PC
Video gallery
3 columns
2 columns
1 column
Join the conversation now