အခြေအနေကတော့ သိပ်သဘောမတွေ့လှပါဘူး အကြိုက်မဟုတ်တော့ သိပ်လည်း စိတ်မပျော်ပါဘူး ဘယ်လို အဆင်ပြေအောင် လုပ်ရမလဲ ဆိုတာကိုဘဲ ဦးစားပေးပြီး စဉ်းစားနေရပါတယ် အခြားရွေးချယ်စရာလည်း မရှိဘူးဆိုတော့ ရှိတာကိုဘဲ အကောင်းဆုံး အသုံးချနိုင်အောင် လုပ်ရမယ်မဟုတ်လား အရင်အချိန်တွေကိုတော့ လွမ်းပါတယ် တကယ့်လက်တွေ့မှာတော့ ဒါတွေက အသုံးမ၀င်တော့ပါဘူး အခွင့်အရေးက နှစ်ခါပြန်မလာဘူးဆိုတာရယ် ခဏခဏ မတွေ့ရတက်ဘူးဆိုတာရယ်ကိုတော သင်ခန်းစာတွေအဖြစ် မှတ်သားနေရပါတယ်
လက်ရှိအနေအထားအရတော့ နားလည်း မနားရဲပါဘူး အပြောင်းအလဲက နေ့နဲ့ညနဲ့တောင် တူတာမဟုတ်လေတော့ ကိုယ်နားလိုက်မှ နောက်ကောက်ကျကျန်မှာလည်း စိုးရိမ်ပါတယ် သူတို့ကလည်း သူတို့ ဘက်ကျန်အောင် ကြည့်မှာ သဘာဝပါဘဲ ကိုယ်တွေကလည်း ကိုယ့်အတွက် ကိုက်အောင် ဘယ်လိုလုပ်ကြမလဲဆိုတာတော့ အလေးထားတွေးရပါလိမ့်မယ် ကိုယ်တွေအတွက်ကတော့ အချိန်ဘဲ ထပ်ပြီး ရင်းနှီးရမှာပါ အခြား အစားထိုး ရွေးချယ်စရာ အသုံးချစရာ မရှိဘူးဆိုမှတော့ ဒါကိုဘဲ ဆက်ပြီး အင်တိုက်အားတိုက် လုပ်ကြည့်ရပါမယ်
စတင်းမွန်းစတားတုန်းကလည်း ဒီလိုဘဲလေ ဒီပုံအတိုင်းဘဲ ဒီအချိုးအတိုင်းဘဲ ဒီအရှိန်အတိုင်းဘဲ အစတော့ချိုချိုပါဘဲ နောက်တော့ တဖြည်းဖြည်း ခါးသက်သက်လေး ဖြစ်လာတော့တာပေါ့ စတင်းမွန်းစတားက ဒီလိုကျ ကောင်းပြန်ရော ရှိပြီးသား စစ်တပ်ကို တစ်စချင်း ဖြုတ် ရောင်းလို့ ရတယ် တပ်အင်အား ကောင်းရင် ကောင်းသလောက် ဒေါ်လာ ရာချီပြီး ပြန်ရတယ်
အခု ဆေးဝါးဂိမ်းကတော့ ကိုယ့်တပ် ဘယ်လောက်ကြီးကြီး ဘယ်လောက်တောင့်တောင့် ဘယ်လောက် ရင်းထားထား မင်းမကစားတော့လို့ ပြစ်ထားလိုက်ရင် ပြစ်ထားပေါ့ သူတို့ကတော့ ဘာမှ နစ်နာကြေး အလျှောပေးမှာ မဟုတ်သလို ၀င်ကြေးမပေးထားရသလို ထွက်ကြေးလေးလည်း ပေးမှာမဟုတ်ပါဘူး ကိုယ်မကစားလို့ ပြစ်လိုက်တဲ့ အကောင့်ဆိုရင်တော့ သုံးလေး ငါးရက်နေရင် ဟိုကဆွဲ ဒီကဆွဲနဲ့ အမဲဝိုင်းဖျက်ကြမှာပါ ဘာမှ ပြန်ရမယ်မဟုတ်ဘူး
ဒိတော့ ဘာမှ တွေးမနေတော့နဲ့ ဆက်သာချ ပေးတာသာယူ မကိုက်မလုပ်နဲ့ မလုပ်နဲ့ဆိုတာက ဒီထက် အခြား သာသော နှိုင်းယှဉ် စရာ ရွေးချယ်စရာ ရှိရင် ရှိလာရင် ပစ်လိုက်ကြတာပေါ့လေ အခုတော့ လက်စလေးနဲ့ ဆက်သာ ဆော်ကြရအောင်ပါ ဘာရင်းရတာမှတ်လို့ ဒီလိုဘဲ ကြံဖန်လုပ်နေရင်ကိုဘဲ အကျိုးအမြတ်တွေ ဖန်တီးလို့ ရနိုင်ဦးမှာလို့ ယုံကြည်ပါတယ်

Author : @bobokyaw
Posted from my blog with SteemPress : http://steemhosting.com/bobokyaw/2019/04/21/%e1%80%9b%e1%80%90%e1%80%ac%e1%80%9a%e1%80%b0%e1%80%95%e1%80%ab%e1%80%99%e1%80%9a%e1%80%b9/