မနိုင်မနင်းတွေဖြစ်ကုန်ပြီ

စတီးမစ်မှာ စတင်းတွေ ရဖို့ အရင်ကလောက် မခက်တော့ဘူးဗျ ဒါကတော့ ကောင်းမွန်တဲ့ အခြေအနေပေါ့ ကိုယ်ကသာ စတင်းတွေ လိုချင်စိတ်ရှိပါစေ မရရအောင် ရှာလို့ ရမယ့် နည်းလမ်းပေါင်း သောင်းခြောက်ထောင်ကို တွေ့မြင်လာမှာဖြစ်ပါတယ် ကိုယ် လက်လှမ်းမှီတာကိုလုပ်ပေါ့ ကိုယ်နဲ့မအပ်စပ်တဲ့ ကိုယ်အလှမ်းမမှီတဲ့ အခွင့်အရေးတွေကိုတော့ လွမ်းမနေပါနဲ့ ကိုယ်နဲ့ ဘာဆိုင်တာမှတ်လို့ သူနဲ့ဆိုင်တဲ့သူ လုပ်ပါစေလေ ကိုယ့်အတွက်တော့ ကိုယ်နဲ့ထိုက်သမျှလေးကို ရအောင်သာယူချင်စိတ်လေးမွေးရမယ်မဟုတ်လား

အရင်တုန်းကတော့ ပြားဂဏန်းလေးရဖို့တောင် အတော်မလွယ်ကူတာပါ ဟိုက ဗုတ်ပေးနိုးနိုး ဒီက ဗုတ်ပေးနိုးနိုးနဲ့ နောက်ဆုံးတော့လဲ ဒါက ဒါပါဘဲ အဲ့ဒီဒါက ဒါလေးကို သဘောပေါက်ဖို့ နှစ်ပေါက်အောင် အချိန်တွေ ပေးလိုက်ရတယ် စောစောကသာ အဲ့သလိုသိ အဘယ်မှာ ပင်ပန်းပါတော့မလဲ အေးပေါ့လေ အချိန်ဆိုတာ အကောင်းဆုံးသော ဆရာသမားဘဲမဟုတ်လား ဖြည်းဖြည်းချင်း သင်ယူရတာပေါ့လေ

အမှန်ပါ ကိုယ်မြင်ရသလောက်တော့ စတင်းတွေ ရဖို့ အရင်ထက် အများကြီးလွယ်ကူလာပြီ ရစရာ လမ်းကြောင်းတွေလည်း အရင်ထက်များပြားလာပြီ ဟိုကလည်း ပေးမယ် ဒီကလည်းပေးမယ် ပေးချင်သူတွေကများပြီး ယူသူကတောင် နည်းနေသလား ထင်ပါတယ် တကယ်လည်း အဲ့သလို ဘက်မမျှတဲ့ အခြေအနေတောင်ဖြစ်နေပါတယ် ဘာလို့လဲဆိုတော့ စတီးမစ်မှာ တကယ် ကျင်လည်သူ နည်းလာခြင်းပါဘဲ အရင်တုန်းကလို လိုင်းပေါင်းစုံ မရှိတော့ပါဘူး စတီးမစ်ပေါ်ကျန်နေသူ အနည်းအကျဉ်းကသာ နေ့စဉ် လည်ပါတ်လျှက်ရှိတာပါ

အဲ့ဒီတော့ ဘာဖြစ်လာသလဲဆိုတော့ကာ ဟိုဟာလည်း လုပ်ချင် ဒီဟာလည်း လုပ်ချင် ဟိုလည်း မလွှတ်ချင် ဒီလည်းမလွှတ်ချင်နဲ့ လက်မလည် ခြေမလည်တွေဖြစ်လာတယ် နောက်ဆုံး ဘာမှကို မလုပ်နိုင်တော့ဘဲ ဖက်ဖက်မောရတဲ့အထိပါဘဲ နောက်တစ်ဆင့်တိုးပြီး များများနဲ့ မြန်မြန်ရမှာတွေ ရွေးလုပ်ပြန်ပါရော ဒါလည်း သိပ်တော့ မထူးပါဘူး အချိန်ကတော့ ပေးရတာပါဘဲ

အခုဖြစ်နေတာက အချိန်မလောက်တာဘဲ ဘယ်လိုမှ ဇယားချလို့မရဘူး မျှတအောင်လည်း လုပ်ဖို့ ခက်တယ် ဥပမာပေါ့ ဂိမ်းလည်း ကစားချင်တယ် စာရေးပို့စ်တင်တာလည်း လုပ်ချင်တယ် အသစ်အသစ်တွေလည်း မျက်ခြေမပျက် သိချင်သေးတယ် ဒီတော့ ဘာကို ရွေးရမှန်းကိုမသိတော့ဘူး ရတော့ရနေတာဘဲ အသေအချာကို ဒေါင့်စေ့အောင် မလုပ်နိုင်သေးဘူး

@bobokyaw.jpg

Author : @bobokyaw



Posted from my blog with SteemPress : http://steemhosting.com/bobokyaw/2019/04/23/%e1%80%99%e1%80%94%e1%80%ad%e1%80%af%e1%80%84%e1%80%b9%e1%80%99%e1%80%94%e1%80%84%e1%80%b9%e1%80%b8%e1%80%b1%e1%80%90%e1%80%bc%e1%80%bb%e1%80%96%e1%80%85%e1%80%b9%e1%80%80%e1%80%af%e1%80%94%e1%80%b9/
H2
H3
H4
Upload from PC
Video gallery
3 columns
2 columns
1 column
Join the conversation now