စတီးမစ်ပေါ်မှာ ဂိမ်းကစားရင်း စတင်းတွေ ရတယ်ဆိုတာ အရင်တုန်းကတော့ တွေးတောင် မကြည့်မိတဲ့ အဖြစ်အပျက်တွေပါ အခုတော့ တကယ်ဘဲ ဂိမ်းတွေ ကစားရင်း စတင်းတွေ ရလို့နေပါတယ် အခုလို အလွယ်သဘော ရတာ တွေ့ရပြန်တော့လည်း စတီးမစ်က လုပ်ပျော်စရာ နေပျော်စရာ တစ်ခုဖြစ်တယ်ဆိုတာ တွေ့ရပါတယ် အရင်တုန်းကတော့ စာရေးတာ တစ်ခုတည်းကဘဲ စတင်းတွေ ရတယ်လို့ ထင်ခဲ့တယ် နောက်ပိုင်းပြောင်းလဲလာတဲ့ အခြေအနေတွေက ထင်မထားတာတွေအထိ ဖြစ်လာတယ်
နောက်ထပ် ပြောင်းလဲလာမှာတွေကိုလည်း မျှော်တလင့်လင့်နဲ့ စောင့်နေတုန်းဘဲ အခုဆိုရင် စတီးမစ်ရဲ့ အနှစ်သာရ စတီးမစ်အကြောင်း ပိုလို့ သိလာရပြီဖြစ်တယ် စတင်းတွေရဲ့ အင်အား ဘယ်လောက်ထိ ကြီးတယ် ဘယ်လောက် အရေးပါတယ်ဆိုတာ တဖြည်းဖြည်း ပိုမို သိလာရပါပြီ စတင်းအင်အား ကောင်းရင် ကောင်းသလောက် စီးပွားဖြစ်ထွန်းနိုင်တယ်ဆိုရင် ပိုမှန်ပါလိမ့်မယ် အခုလို ဟိုမရောက် ဒီမရောက် လုပ်ငန်းစတင်နေသူတွေလည်း စွန့်စားခြင်းတွေ နဲ့ စတင်နေရတဲ့ အခါမှာတောင် စတင်း အင်အား ကောင်းသူတွေက ရှေ့ကို အလိုလို ရောက်နေတာတွေ့ရတယ်
စတင်းတွေကို အလွယ်တကူ ရနေသူတွေကို ကြည့်တဲ့အခါမှာလည်း စတင်းအင်အား ကောင်းမွန်သူတွေသာ ဖြစ်နေတက်တယ် နောက်ပိုင်း စတီးမစ်က ပိုမို ခိုင်မာလာရင် စတင်း ပိုင်ဆိုင်သူတွေဟာ သန်းကြွယ် သူဌေးတွေ ဖြစ်လာစရာ ရှိနေပါတယ် ဒါကြောင့် စတင်း တွေချည့် အရူးအမူး စုနေခဲ့သူတွေရဲ့ ရွှေအိုရောင် ညနေဆည်းဆာလေးဟာ ဘယ်လောက် လှတယ်ဆိုတာ ကိုယ်တွေ့ လက်တွေ့ သိမြင်ရတော့မယ့်ကာလ ရောက်တော့မယ်ထင်ပါတယ်
အခုလိုအချိန်အခါမှာတောင် စတင်းအင်အား ကောင်းမွန်စွာနဲ့ ထွက်ပေါ်လာသမျှ လုပ်ငန်းတွေမှာ ဖြန့်ပြီး ရင်းနှီး လုပ်ကိုင်ရင်တောင် မရှုံးနိုင်ဘူးဆိုတာ တွေ့ရတယ် မြတ်မယ်ဆိုရင်လည်း အချီကြီးမြတ်မယ့်သဘောပါဘဲ ဒီအချိန်က စွန့်စားရတဲ့ ကာလဆိုပေမယ့် စွန့်စားသင့်တဲ့ အခြေအနေဖြစ်တယ်ဆိုတာတော့ သိနေပြီ စွန့်စားရဲဖို့တော့လိုလိမ့်မယ် တကယ်လို့သာ တွက်ချက်မှုတွေ မှန်ကန်ခဲ့မယ်ဆိုရင် စတီးမစ်မှာ လှေကားထစ်အတော်များများကို ကျော်တက်သွားခွင့် အလိုလို ရသွားမှာပါ သူများတွေ နှစ်ချီအောင် လုပ်ရတဲ့ အလုပ်တွေလုပ်စရာမလိုတော့ဘဲ အခွင့်အရေးတွေ တန်းတူ ရသွားနိုင်ပါတယ်
စတီးမစ်မှာ အင်အားကြီးထွားခွင့်က သိပ်မရှိနိုင်ပါဘူး ၀ယ်ထည့်တာကလွဲလို့ပေါ့ အခြား ကြီးထွားမှုနှုန်းတွေက အကန့်အသက်နဲ့ပါ အဲ့ဒါတွေရဲ့ ပြောင်းပြန်ကတော့ အခုလို အချိန်အခါပေါ့ ဒီလို အပြောင်းအလဲ ကာလမှာ ထိထိရောက်ရောက် လုပ်နိုင်ခဲ့ရင် ထင်မှတ်မထားလောက်အောင်အထိ ကြီးထွားသွားနိုင်ပါတယ် ဝေလငါး အိပ်မက်ကို တကယ် အကောင်အထည်ဖေါ်နိုင်တဲ့ ကာလလို့ ယူဆပါတယ် လုပ်နိုင်သူတွေ လုပ်သွားမှာပါဘဲ ဘယ်သူတွေက ဒီအခွင့်အရေးကို အပြည့်အ၀အသုံးချသွားနိုင်မှာလဲ စိတ်ဝင်စားစရာပါ

Author : @bobokyaw
Posted from my blog with SteemPress : http://steemhosting.com/bobokyaw/2019/04/27/%e1%80%b1%e1%81%80%e1%80%9c%e1%80%84%e1%80%ab%e1%80%b8%e1%80%a1%e1%80%ad%e1%80%95%e1%80%b9%e1%80%99%e1%80%80%e1%80%b9-%e1%80%99%e1%80%80%e1%80%b9%e1%80%81%e1%80%bc%e1%80%84%e1%80%b9%e1%82%94%e1%80%9b/