
Image Source
Nextcolony မှာ wonder of universe ဆိုတာ ပါပါတယ်။ မဟာမိတ်အဖွဲ့တွေက legendary ဂြိုဟ်ရဲ့ ပတ်ပတ်လည်ကို ဝန်းရံပြီးတော့ တည်ဆောက်ရမှာ ဖြစ်ပါတယ်။ ရမည့်ဆုကြေးတွေကလဲ များမယ်လို့သိရပါတယ်။ အဲဒီတော့ မဟာမိတ် ကို legendary တွေနဲ့ပဲ ဖွဲ့ရမှာ ဖြစ်ပါတယ်။
ဝမ်းသာစရာ ကောင်းတဲ့အချက်ကတော့ ကျွန်တော်လက်ရှိ မဟာမိတ်ဖွဲ့ထားတဲ့အဖွဲ့မှာ legendary တစ်ယောက်ပါနေတာပါ။ သူတို့အဖွဲ့ကို အပေါ်ကလင့်ခ်မှာ ပူးပေါင်းနိုင်ပါတယ်။ သူတို့အဖွဲ့က dw မှာကထဲက သိနှင့်ပြီးသားလူတွေပါ။ အတော်လဲ တက်ကြွပြီးတော့ တိုက်ရည်ခိုက်ရည်ကောင်းပါတယ်။ အချိန်ပေးပြီးတော့လဲ ကစားနိုင်ပါတယ်။ ဒီလိုလူတွေနဲ့ ပူးပေါင်းတာက ကိုယ့်အတွက် အရှုံးမရှိနိုင်ပါဘူး။
Nextcolony နဲ့ ပတ်သက်ပြီးတော့ ဘယ်လိုကစားရမလဲ ဆိုတာတွေကိုလဲ အကြံပေးနိုင်ပါတယ်။ တစ်ကယ်လို့ ရင်းနှီးမြှုပ်နှံချင်တယ်ဆိုရင်လဲ ရပါတယ်။ Dw က ရင်းနှီးမြှုပ်နှံထားတာတွေကိုလဲ သိပ်မကြာခင်မှာ ပြန်ရှင်းပေးတော့မှာ ဖြစ်ပါတယ်။ ပြီးတော့မှ Nextcolony အတွက် ရင်းနှီးမြှုပ်နှံမှုတွေကို လက်ခံသွားမှာ ဖြစ်ပါတယ်။ စိတ်ဝင်စားတယ်ဆိုရင်ပေါ့။
အခုအချိန်မှာတော့ ပြင်ဆင်နေတုန်းပဲ ရှိပါသေးတယ်။ တိုက်ပွဲတွေကလဲ မလာသေးပါဘူး။ တိုက်ပွဲတွေ စတဲ့အချိန်ကျရင်တော့ တစ်ကယ်လို့ စိတ်ဝင်စားဖို့ ကောင်းလာမှာပါ။ အာကာသထဲမှာ စစ်တိုက်နေရသလို အတွေ့အကြုံတွေကို ခံစားရမှာ ဖြစ်ပါတယ်။
ဒီတစ်ကြီမ်မှာတော့ တာထွက်ကောင်းကောင်းနဲ့ စတင်နိုင်မယ်လို့ ယုံကြည်ပါတယ်။ Dw ကိုလဲ ဆက်လက်ကစားသွားမှာ ဖြစ်ပါတယ်။ တစ်ရက်ကို 1 STU အပ်ဗုတ် ပုံမှန်ရနေတယ်ဆိုတော့ သိပ်မဆိုးလှဘူးပဲ ပြောရမှာပါ။ ရင်းထားတာတွေကတော့ ပြန်ရဖို့ မမျှောက်လင့်တော့ပါဘူး။ Future ဈေးတက်လာမည့်အ ချိန်ကိုပဲ စောင့်ပါတော့မယ်။
မြန်မာ ဂိမ်းသမားတွေ ကံကောင်းကြပါစေဗျာ။
Posted from my blog with SteemPress : http://steemhosting.com/myanmarpress/?p=230