ဒီနှစ်ပိုင်းမှာ အပူဒဏ်ကို သိသိသာသာကို ခံစားနေရပါတယ်။ ပြီးခဲ့ရက်ပိုင်းကရလာတဲ့ သတင်းတွေအရဆို 46 DegC လောက်ကို ရှိပါတယ်။ အပေါ်ကပုံကတော့ မကွေးမြို့ရဲ့ အပူချိန်ဖြစ်ပါတယ်။ ၁၁ နာရီထိုးတဲ့အချိန်မှာ ၁၀၆ DegF လောက်ရှိမှာဖြစ်ပါတယ်။ ကြာသာပတေးနဲ့ သောကြာနေ့တွေမှာတော့ ပိုပူမယ်လို့ ခန့်မှန်းထားပါတယ်။

ဒီနှစ်ပိုင်းမှာ ပိုပူလာရတဲ့အကြောင်းရင်းက သစ်တောတွေ ပြုန်းတီးလာပြီးတော့ တောင်တွေ ကတုံးဖြစ်ကုန်တာကြောင့်ပဲ ဖြစ်ပါတယ်။ အခုအချိန်မှာ သစ်ပင်တွေကို ပြန်စိုက်ကြဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။ မြို့ပေါ်မှာ ရှိတဲ့ သစ်ပင်တွေကတော့ သစ်ခုတ်သမားတွေကြောင့်မဟုတ်ပဲနဲ့ စည်ပင်လို ဌာနတွေက ခုတ်ပစ်လို့ပဲ ဖြစ်ပါတယ်။ အဲဒီအတွက် သစ်ပင်တွေကို သီးသန့်နေရာ သတ်မှတ်ပြီးတော့ စိုက်ဖို့ လိုပါတယ်။ ခုတ်မယ့်အဖွဲ့ကိုလဲ သီးသန့်သတ်မှတ်ပေးဖို့လိုပါတယ်။ သစ်ပင်တွေကို ခုတ်ပစ်မယ့်အစား ကိုယ်လိုချင်တဲ့ပုံစံရအောင် အလှဆင်တဲ့နည်းကို အစားထိုးသုံးသင့်ပါတယ်။ နောက်ပြီးတော့ သစ်ပင်တွေကို အပင်ပေါက်တွေကနေ စိုက်ပျိုးမယ့်အစား အခြား ဒေသကနေ အပင်ကြီး တွေကို သယ်ယူစိုက်ပျိုးတာက အချိန်တိုအတွင်း အပူချိန် လျော့ကြစေမှာပါ။

Image Source
အခုအချိန်မှာတော့ သစ်ပင်တွေကို စိုက်ပျိုးမဲ့ အဖွဲ့တွေ ပေါ်လာနေပါပြီ။ ဒါကလဲ ဝမ်းသာစရာ ကောင်းပါတယ်။ မြန်မာလူမျိုးတွေရဲ့ ပြဿနာကတော့ အလုပ်တစ်ခုကို ရေရှည်မလုပ်တာပါ။ အရင်တုန်းကလဲ မိုးရာသီ သစ်ပင်စိုက်ပွဲတော်ဆိုပြီး လုပ်ကြပါတယ်။ ဒါပေမဲ့ သစ်ပင်ကို စိုက်တာပဲ ရှိပါတယ်။ နောက်ပိုင်းကျတော့ ဂရုမစိုက်ပဲနဲ့ ပစ်ထားတဲ့အတွက် အပင်တွေက သေကုန်ပါတယ်။ နောက်တစ်နှစ်ကျတော့ တစ်ခါ ထပ်လုပ်ကြပြန်ပါရော။ ဒီလိုနဲ့ပဲ သစ်ပင်တွေခမျာ သေလိုက် ရှင်လိုက်နဲ့ သံသရာ လည်နေပါရော။

Image Source
သစ်ပင်တွေကို မစိုက်ခင် မြေနေရာ အရင်ရွေးချယ်ဖို့လိုပါတယ်။ အဲဒီနေရာဆိုတာကလဲ ဝန်ကြီးဌာနတွေနဲ့ လွတ်ကင်းတဲ့နေရာ ဖြစ်ရမှာပါ။ လူနေရပ်ကွက်တွေ အနီးအနားမှာ စိုက်ပျိုးနိုင်ရင် ပိုကောင်းပါတယ်။ ဒါမှလဲ ရပ်ကွက်တွေမှာပါ အေးမြနေမှာ ဖြစ်ပါတယ်။ ပြီးတော့ လူတွေကလဲ အလွယ်တကူသွားရောက်ပြီးတော့ သစ်ပင်တွေကို ပြုစုစောင့်ရှောက်နိုင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ မြေနေရာရဖို့ကခက်ခဲပါလိမ့်မယ်။

Image Source
နောက်တစ်ခုကတော့ စိုက်မယ့်သစ်ပင်တွေကို ရွေးချယ်ရမှာပါ။ အရိပ်ရမယ့် သစ်ပင်တွေကို ရွေးချယ်စိုက်ပျိုးရမှာ ဖြစ်သလို မျက်စိပသာဓဖြစ်စေမယ့် အပင်မျိုးတွေလဲပါဝင်ရမှာ ဖြစ်ပါတယ်။ အပင်တွေကို အတန်းလိုက် လမ်းဘေးမှာ စိုက်ခြင်းဖြင့်လည်း လာရောက်ပြီးတော့ အေးရိပ်ကို ခိုလှုံလိုတဲ့သူတွေကိုလဲ အဆင်ပြေစေမှာ ဖြစ်ပါတယ်။
အပင်တွေ အောက်မှာ ထိုင်စရာ၊ ခုံလေးတွေ ထည့်ပေးထားတာ၊ ကစားစရာ နေရာလေးတွေ လုပ်ပေးထားတာက လာရောက် နားခိုတဲ့သူတွေအတွက် အဆင်ပြေစေမှာပါ။ ဈေးဆိုင်တွေကို တော့ ရောင်းချခွင့်မပြုသင့်ပါဘူး။ အပင်တွေကို ခုတ်ယူရောင်းချမယ့်သူတွေကိုလဲ တားဆီးဖို့လိုပါတယ်။
Posted from my blog with SteemPress : http://steemhosting.com/myanmarpress/?p=213