မြင်းခြံမှာ ရှာဖွေတွေ့ရှိတယ် ဆိုတဲ့ ဆေးခြောက် ဧက ၅၀ ဆိုတာက Marijuana မဟုတ်ပဲ Hemp တွေ ဖြစ်နေပါတယ်တဲ့။ ဒါဆို Hemp နဲ့ marijuana နဲ့ဘာကွာသလဲ။
Cannabis ဆိုတာ သစ်ပင်မိသားစု ရဲ့နာမည်ဖြစ်ပြီး သူ့မှာ အဓိကအားဖြင့် နှစ်မျိုးခွဲထားပါတယ်။ Indica နဲ့ Sativa ဆိုပြီး ဖြစ်ပါတယ်။ Marijuana ကိုတော့ မျိုးစိတ်နှစ်ခုစလုံးနဲ့ သက်ဆိုင်တယ်လို့ ယူဆထားပြီးတော့ Hemp ကိုတော့ Sativa ဆိုတဲ့ မျိုးစိတ်ထဲမှာပဲ ပါဝင်တယ်လို့ ဆိုကြပါတယ်။ နှစ်ခုစလုံးက Sativa မျိုးစိတ်ထဲမှာ ပါဝင်တဲ့အတွက် အခိျု့နေရာတွေမှာ တူညီပါတယ်။ ဒါပေမဲ့ ဇီဝဗေဒဆိုင်ရာ အချက်အလက်တွေမှာတော့ အရမ်းကို ကွာခြားပါတယ်။

Image Source
အပေါ်ကပုံမှာ နှိုင်းယှဉ်ပြထားပါတယ်။ Cannabis သစ်ပင်တွေမှာ အဓိကပါဝင်တဲ့ ဒြပ်ပေါင်းတွေကတော့ Tetrahydrocannabinol(THC) နဲ့ Cannabidiol(CBD) တို့ပဲ ဖြစ်ပါတယ်။ THC က စိတ်ကို တက်ကြွစေတဲ့အရာ ပဲ ဖြစ်ပါတယ်။ CBD ကတော့ မဟုတ်ပါဘူး။ Hemp မှာတော့ THC က ၀.၃ ရာခိုင်နှုန်းနဲ့ အောက်ကိုပဲ ပါဝင်ပြီးတော့ marijuana မှာတော့ 15% ကနေ 40% ကြားထဲမှာ ပါဝင်ပါတယ်။ ဒီအတွက် Hemp ကို စက်မှုလုပ်ငန်းအတွက်သုံးပြီးတော့ marijuana ကိုတော့ ဆေးဝါးနဲ့ စိတ်အပန်ဖြေစရာ အဖြစ်သုံးပါတယ်။
ဆေးခြောက်ကို ဘယ်လိုသုံးသလဲဆိုတာကိုတော့ အားလုံးသိပြီးသား ဖြစ်မှာပါ။ Hemp ကိုကျတော့ စာရွက်၊ အဝတ်အထည်၊ အိမ်ဆောက်ပစ္စည်း၊ ဇီဝလောင်စာ၊ အစားအသောက်၊ ဆီနဲ့ အခြားနေရာအခိျု့မှာ သုံးပါတယ်။

Image Source
Reference Link:
https://medium.com/cbd-origin/hemp-vs-marijuana-the-difference-explained-a837c51aa8f7
Read more: https://www.facebook.com/linn.htike.1428/posts/574696746350481
Posted from my blog with SteemPress : https://steemhosting.com/myanmarpress/?p=228