THE AUTHORS SHOWCASE OF C-SQUARED (Myanmar Language Showcase April 27th, 2019)

မြန်မာဘာသားစကားကို အသုံးပြုတဲ့ အဖွဲ့အစည်းတစ်ခုအနေနဲ့ @c-squared နဲ့ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။ မြန်မာဘာသာစကားနဲ့ရေးထားတဲ့ ပိုစ့်တွေကို အသိအမှတ်ပြုပေးဖို့ ဆုကြေး ချီးမြှင့်ပေးဖို့ @c-squared က လုပ်ဆောင်ပေးခဲ့ပါတယ်။ အောက်မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

လက်ရွေးစင် စာမူများ


_

Author: @htwegyi


ဗူးဘုရားပေါ်မှ အလွမ်းမင်းသားလေး


Image Source

ဒီပိုစ့်မှာကတော့ စာရေးသူရဲ့ ပုဂံ ဘုရားဖူး ခရီးစဉ် က အဖြစ်အပျက် တစ်ချို့ကို ပြန်လည် ခံစား ရေးသား ထားတာ ဖြစ်ပါတယ်။ အညာ ဒေသ ရေရှား ပေမဲ့ သင်္ကြန် မှာ တော့ ပျော်ပျော်ပါးပါး ရေကစား ကြတာတော့ စိတ်လှုပ်ရှားဖို့ ကောင်းပါတယ်။ ဘုရား အစုံ လျှောက်ဖူးရင်း ရယ်စရာ အဖြစ်အပျက် ကလေးကို ထည့်သွင်း ရေးသား ထားတာကတော့ စာဖတ်သူကို အပျင်းပြေစေတဲ့ အပြင် ပျော်ရွှင်မှုပါ တိုးစေပါတယ်။

ဗူးဘုရားတွင် ညအချိန်ဖြစ်သော်လည်း လူစည်ကား
သည်။ ဓာတ်ပုံရိုက်သူ ဘုရားဖူးသူများဖြင့် ပြည့်နေသည်။ လူငယ်စုံတွဲများက ဖုန်းများဖြင့် အပြိုင်ဓာတ်ပုံရိုက်နေကြသည်။ ဓာတ်ပုံရိုက်သည့် စုံတွဲများ၏ မနီးမဝေးတွင် လူနောက်တစ်ဦးကစုံတွဲများကိုကြည့်၍ အဆိုတော် ကိုမင်းအောင်၏ သီချင်းကိုဆိုလေသည်။

”အော်..သူတို့ ပျော်နေကြပါလား...

ဧရာဝတီမြစ်ကမ်းဘေးမှာ...
အလွမ်းမင်းသားလေးက...
ငါတစ်ယောက်ထဲပါလား....
ဘူးးး...ဘွတ်...”
အဆိုပါ ပုဂ္ဂိုလ်က ပါးစပ်မှ သီချင်းအပြင်
စအိုဝမှပင် တီးလုံးသံဖြင့် အားဖြည့်လိုက်သည်။
ထိုအခါ အနားမှရှိသည့် အတွဲမှလူက
” ဟာ..ဂျာ...အတော်နောက်တဲ့လူ”
ပြောဆိုကာ ထွက်သွားလေသည်။

_

Author: @hein.khant


Water Festival (သင်္ကြန်)


Image Source

ဒါကတော့ ဇာတ်လမ်း ကဗျာ ပေါ့ဗျာ။ ကဗျာ ဆရာက သင်္ကြန်နဲ့ ပတ်သတ်တဲ့ ခံစားချက် အပိုင်းအစတွေကို တစ်ပိုင်းချင်း တစ်ဆစ်ချင်း ဖွဲ့သီထားတာ ဖြစ်ပါတယ်။ စကားလုံးတိုင်းဟာ သက်ဝင်လှုပ်ရှားနေပြီး ဖတ်ရှုသူကို အတွေးများဆီ ခေါ်ဆောင်သွားပါတယ်။ သင်္ကြန်ဆိုတာ အားလုံးရဲ့ အသည်းနှလုံး ဆိုတော့ ဒီကဗျာ လေးကိုလည်း သဘောကျ နှစ်ခြိုက်လိမ့်မယ် ထင်ပါတယ်။ ဖတ်ရှု ခံစား ပေးကြပါဦးဗျာ။

သ င်္ကြ န်​ ၃
ဘာ မှ မ ဆို င်​ ​ေ သ ာ ​ေ လ ာ က
တ စ်​ ဦး ကေ ကျာ ခို င်း လို က်​ တဲ့  အ ခါ ။
ကျ မျ က်​ ရ ည်​ များ
ပိေ တာ က်​ ပ န်း များ
လွ မ်းဆွ တ်​ ခြ င်း များ ။
ေ နွ တ စ်​ ခွ င်​ လုံး
မ င်း မုန်းနို င်​ ပါ တ ယ်​ ။ ။
မျ က်​ နှာ ပူတ ယ်​ သ င်္ကြ န်
အေးမြ​ရေလို့ ​အော်​​ခေါ်ပြီး မ​အေးမြနိုင်​​တော့ဘူး
အောင်​​မြေနင်းပြီလား ဆို​တော့ ပူလိုက်​တာ
အနုပညာဟာ အ​နှေးယာဉ်​ လို အ​နှေးဆုံးပဲ ။
တစ်​​နေ့ ပျက်​ကျရမယ့်​ ​လေယာဉ်​ပျံ ​ပေါ်
သင်္ခါရ တရားကို လက်​ပြင်​ကုန်း ပြီး ဆဲလိုက်​တယ်​ ။
ဘယ်​​ခွေးမှ လူမထင်​ဘူးေ ဟ့ 
မျက်​ ခွက်​ ကို
ေ ရ နဲ့  ပ က်​ လို က်​ တဲ့  သ ကြ င်္ န်ေ ရ ။ ။

_

Author: @hnineikhaing


မိဘနဲ့ကလေး


Image Source

စာရေးသူက ယနေ့ မိဘ နဲ့ သားသမီးတွေ ကြားကနားလည်မှု လွဲနေတာတွေကို ဆွေးနွေးခြင်း ဖြင့် အဖြေရှာ ကြဖို့ တိုက်တွန်းချင်တာ ဖြစ်ပါတယ်။ မိဘနဲ့ သားသမီး ဆိုတာ ခေတ်ကာလ ဆယ်စုနှစ် တစ်ခုမက ကွာခြားနေတတ်ပါတယ်။ ဒီအခါ အမြင်မတူတာတွေ ဖြစ်ပေါ်လာတတ်ပါတယ်။ အဲဒီအခါ နှစ်ဖက် စလုံး အတွက် အကောင်းဆုံး နည်းလမ်းက အကျိုး သင့် အကြောင်းသင့် အပြန်အလှန် ဆွေးနွေး ဖို့ လိုတဲ့ အကြောင်း သူ့ အမြင် သူ့ရှုထောင်က ရေးသားထားတာ ဖြစ်ပါတယ်။

လူတိုင်းကအမှားနဲ့မကင်းပါဘူး။ အသက်ကြီးအသိဥာဏ်ကြီးတဲ့ လူကြီးတွေတောင် အမှားတွေလုပ်နေတာ။အတွေ့အကြုံနုနယ်တဲ့ ကလေးတွေအမှားလုပ်မိတာ ဆန်းလို့လား။လူငယ်တွေလုပ်တဲ့အမှားထဲမှာလည်း ၈၀ရာခိုင်နှုန်းက မသိလို့မှားမိတဲ့အမှားတွေပါ။အဲ့ဒါကို အပြစ်တွေထုတ်ဖော်ပြီး ဆူဆဲရိုက်နှက်နေမယ့်အစား ဒီအပြစ်ကိုလုပ်လာခဲ့လို့ ရရှိလာမယ့် အကျိုးဆက်ကို နားလည်အောင်ရှင်းပြပြီး နောက်မလုပ်ဖို့တားမြစ်လို့မရဘူးလား။

လူကြီးစကားတွေ အထူးသဖြင့် မိဘစကားတွေကို မြေဝယ်မကျနားထောင်ပါလို့ သင်နေမယ့်အစား ကလေးတွေရဲ့ရင်ထဲကိုဝင်ကြည့်ပေးပါ။တစ်ခါတလေ မိဘနဲ့ကလေး အမြင်မတူတာတွေ ဖြစ်လာရင်အေးအေးဆေးဆေးထိုင်ပြီး အကျိုးဆက်တွေကို ပွင့်ပွင့်လင်းလင်းပြောပြီး ဆွေးနွေးပေးပါ။ဒါမှသာ မိဘနဲ့ကလေးဟာ ကောင်းမွန်တဲ့ဆက်ဆံရေးဖြစ်လာမှာပါ။

_

@c-squared ကလဲ witness အနေနဲ့ ဆောင်ရွက်တာကို ရေးသားထားတဲ့ ပိုစ့်ဖြစ်ပါတယ်။ .
မိမိတို့ ပေးပိုင်ခွင့်ရှိတဲ့ နေရာ ၃၀ ထဲမှာ လစ်လပ်နေသေးရင် @c-squared ကို witness အနေနဲ့ vote ပေးဖို့ တောင်းဆိုချင်ပါတယ်။ ဒီလင့်ခ်ကိုနှိပ်ပြီး vote ပေးလို့ရပါတယ်။

_

ဒီပိုစ့်ကနေ ရရှိမည့် ဆုကြေးတွေ အကုန်လုံးကို C2 Myanmar Curation အဖွဲ့က လက်ခံသွားမှာ ဖြစ်ပါတယ်။

All rewards from this post will directly go to C2 Myanmar Curation team.

H2
H3
H4
Upload from PC
Video gallery
3 columns
2 columns
1 column
1 Comment